60(Zawgyi+Unicode)

18.5K 1.3K 75
                                    

Unicode

တံခါးကို သော့ဖွင့်ဝင်လိုက်သည်နှင့် ဖိနပ်ချွတ်နားသို့အပြေးလေးရောက်လာသောခန်..  ဘာမှမပြောပေမဲ့လည်း မျက်နှာပေါ်မှာ တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေမှန်းသိသာနေ၏..  Alex သည် ခန်ကို အပြုံးတစ်ပွင့်ပေးကာ အိမ်ထဲသို့ လှမ်းဝင်လိုက်တော့ ခန်က အလိုက်တသိ လက်ဆွဲအိတ်ကို ဆွဲယူပေးသည်.. 

အိမ်ထဲသူပဲ အရင် ဦးစွာဝင်သွားပြီ ရေတစ်ခွက် ခပ်ကာ အပြေးလေးလာတိုက်သည်..  အလိုက်တသိရှိမှုကြောင့် မန္တလေးကထွက်လာထဲကနေခုထိ ရေမသောက်ရသေးပေမဲ့လည်း အမောပြေသွားသကဲ့သို့ပေ.. 

ဆက်ပြီး မအောင့်ထားနိုင်တော့တဲ့ ခန်သည် Alex လက်ကိုဆွဲကိုင်လာပြီး ဆိုဖာပေါ်ဝင်ထိုင်စေကာသိချင်နေတာကိုမေးမြန်းတော့၏..

"အကို.. ဘာ..  ဘာပြောလည်းရုံးချုပ်က.. "

သိချင်စိတ်က ရှေ့ကြိုရောက်နေသည့်အတွက် ပြောစကားတွေတောင် ထစ်ကုန်တဲ့ ခန်ကို သဘောတကျရီမိတော့ ဆူပုတ်ပုတ်ဖြင့် လက်မောင်းကို လာထုသည်..

"ဘာရီနေတာလည်း..  လူက မနေ့ထဲက သိချင်လွန်းလို့ ရွစိနေပြီ..  မြန်မြန်ပြောဆို ကိုကို ကလည်း.."

"အမယ်.. ဟားဟား ကိုကို တဲ့လား..  အဲလိုလေး ထပ်ခေါ်ပါဦး.."

မေးစေ့လေးကို ကိုင်ကာ ဘယ်ညာရမ်းပြီးပြောတော့ ချစ်ဖို့ကောင်းအောင်မဲ့ပြပြီး အော်တော့သည်.. 

"အကို....!!!! မနောက်နဲ့ အတည်ပြော ဘာပြောလည်းရုံးချုပ်က.."

Alex သည်လက်ထဲမှ ရေခွက်ကို စားပွဲခုံပေါ်တင်လိုက်ကာ ပေါ့ပေါ့ပါးပါး အမူအရာဖြင့်ပြန်ဖြေလိုက်သည်ည..

"နောက်တစ်ခေါက် ဒီလိုထပ်ဖြစ်လာရင်... ကိုယ်ရာထူးတိုးမဲ့ကိစ္စမှာ အနှောင့်အယှက်ဖြစ်သွားနိုင်တယ်တဲ့... အဲတော့ စက်ရုံက လူတွေကို သေချာ ပြောဆိုထားဖို့နဲ့ Designer ကိုပါ တောင်းပန်ခိုင်းဖို့ ဘာညာ..  ပြီးတော့ ဟိုစရင်းပြခိုင်း ဒီစရင်းပြခိုင်း..  ဒါပဲ..  အဲဒါပြီးတာနဲ့ ကိုယ်တန်းပြန်လာတာ..  ခန်ကိုလွမ်းလို့.."

စကားအဆုံး ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်တော့ ကျေနပ်ပြုံးကြီးပြုံးကာ လက်မောင်းကို ထုပြန်သည်..  ပြီးတော့ ချက်ချင်းပြန်တည်သွားသည်..

Tell me yoU LoVe me ( Under Editing )Where stories live. Discover now