Paradise
Part-1,
"မောင်....."
"မောင်ရေ...ထတော့လေကွာ....ကုမ္ပဏီမသွားတော့ဘူးလား.."
နှိုးလိုက်တော့မှ မျက်လုံး၂ဖက် စုံပွတ်ပြီး အိပ်ချင်မူးတူးနဲ့ပြုံးပြနေတဲ့ မောင်.... ကျွန်တော်သိပ်ချစ်ရတဲ့ မောင် ။
သူ့နာမည်က Park Chanyeol တဲ့.....
"Morning kiss ပေးဦး မောင့်အသည်း "
mwach ♥ ♥
"ထတော့...မောင့်ကို နှိုးနေတာကြာလှပြီ...Baek အလုပ်သွားရတော့မှာ"
"အင်း....အင်း မောင်ထပြီ.....
ကုမ္ပဏီကို မောင်လိုက်ပို့မှာနော်...မောင့်ကို စောင့်ဦး.."ပြောရင်းနဲ့ ရေချိုးခန်းထဲ ဝင်သွားတဲ့ ချစ်ရသူ မောင်....
ကိုယ်နဲ့ သူနဲ့ အသက်က ၆လပဲ ကွာပေမယ့် သူ့ကို မောင် လို့ခေါ်ပါတဲ့လေ....
ချစ်သူဖြစ်ပြီး တစ်နှစ်လောက်မှာပဲ လက်ထပ်ခဲ့ကြတာ ခုဆို အိမ်ထောင်သက် ၆ လလောက်တောင် ရှိရောပေါ့.....
သူက electronic company မှာ CEO အဖြစ် တာဝန်ယူထားရတာ သူ့အဖေဆုံးပြီးတည်းကပင် ဖြစ်သည်။အခု သူ့အမေကတော့ တိုင်းရင်းဆေးဝါးပစ္စည်းဆိုင် ဖွင့်ထားတာ နာမည်တော်တော်ရနေပြီ....အထက်တန်း နောက်ဆုံးနှစ်တက်နေတဲ့ ညီလေးတစ်ယောက်ရှိတယ်။
ကိုယ်ကတော့ အသံလွှင့်ရုံပိုင်ရှင်ရဲ့သားဖြစ်သလို announcer တစ်ဦး....
သူနဲ့လက်မထပ်ခင်အထိ သတင်းကြေညာသူတစ်ယောက်လုပ်ခဲ့ပေမယ့် သဝန်တိုတတ်တဲ့သူ့သမက်အကြောင်းကိုသိလို့ ဖေဖေက ဒုမန်နေဂျင်း ရာထူးကိုပြောင်းပေးခဲ့တယ်....
အစ်ကိုတစ်ယောက်ရှိပြီး Car Showroom ဖွင့်ထားကာ အစ်ကိုရယ် မရီးရယ် တူမလေးရယ်က ဖေဖေ မေမေတို့နဲ့အတူနေတယ်.
ကိုယ်ကသာ သက်သက် အိမ်ခွဲနေလိုက်တာ....
အိမ်ခွဲနေလို့ ငါးပါးမှောက်နေရတဲ့ ကျွန်တော် Park Baekhyun ပါပဲအိမ်မှာ လူခွဲမရှိတာကြောင့် မနက်စာ ထပြင်ပြီး ရေမိုးချိုး အဝတ်လျှော်....
ပြီးရင် သူ့ကိုနှိုးပြီး ရှင်းစရာရှိတာရှင်း သိမ်းစရာရှိတာသိမ်း...
Company က ပြန်လာတော့လည်း လုပ်စရာရှိတာ အကုန်လုပ်ပြီးမှ နားရတဲ့အဖြစ်....
Park Chanyeol တို့ ဘာမှအားကိုးရတယ်ကို မရှိဘူး....
အခုလည်း သူဝတ်မယ့် အဝတ်အစားတွေထုတ်ပေးခဲ့ပြီး အောက်ထပ်ဆင်းကာ ထမင်းစားဖို့ ပြင်ဆင်ရင်း စောင့်နေလိုက်တယ်....
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥