Part-16,
Operation room
ဆိုတဲ့ စာတန်းကာရံထားတဲ့ အခန်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတဲ့ Chanyeol...
အခုချိန်မှာ သူ့ရင်ထဲက အပူကို ပြေးကြည့်စရာတောင် လိုမှာမဟုတ်ပါဘူးလေ။အဒေါ်ကြီးတို့ ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော်က အစည်းအဝေးအခန်းထဲတောင် မဝင်ရသေးဘူး။ ကုမ္ပဏီအဝမှာပဲရှိသေးတာ..
ရုတ်တရက် အိမ်ဖုန်းဝင်လာပြီး ကောက်ကိုင်လိုက်တဲ့အခါ နှလုံးသွေးတောင် ဆောင့်တက်သွားသလို။ ဆေးရုံကိုပဲ တန်းခေါ်လာဖို့ မှာလိုက်တော့ သူရောက်တာနဲ့ operation ခန်းထဲ ထည့်လိုက်တာကြောင့် ကျွန်တော့်မှာ မျက်နှာလေးတောင် မမြင်လိုက်ရဘူး။ သူ ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာလည်း ကျွန်တော်မသိဘူး။"သား....!! Chanyeol "
အရေးတကြီးဆက်သွယ်လိုက်တာကြောင့် ကျွန်တော့်မေမေရယ် ယောက္ခမ၂ယောက်ရယ် ပြီးတော့ ယောက်ဖရယ် ရောက်လာတယ်။
အဒေါ်ကြီးတို့ကိုတော့ ဆေးရုံမှာ လိုအပ်မယ့်ပစ္စည်းတွေ ပြန်ယူဖို့ အိမ်ကို တစ်ခေါက်ပြန်လွှတ်လိုက်တယ်။"သား...Chanyeol....သားငယ်လေးရော...သားငယ်လေး ဘယ်လိုဖြစ်တာလဲဟင်?"
"စိတ်ထိန်းပါ မိန်းမရာ..."
သူ့အမေက မေးလည်း မေး ယိုင်လည်း ယိုင်ကျသွားတာကြောင့် သူ့အဖေက ထိန်းကိုင်ပေးလိုက်ရတယ်။
"Chanyeol!!!"
သတင်းကြားကြားချင်း အပြေးရောက်လာတဲ့ Jongdae တို့၂ယောက်နဲ့ Kyungsoo shi။ JongIn ကတော့ ကျွန်တော့်ကုမ္ပဏီရဲ့ ရှယ်ယာဝင်တစ်ဦးဖြစ်တာကြောင့် ကျွန်တော့် အစား အစည်းအဝေးမှာ ရှိနေမှဖြစ်မယ်လေ။
အကုန်လုံး စောင့်နေတာမို့ အန္တရာယ် ကင်းကင်းနဲ့ မောင့်ဆီကို ပြန်လာခဲ့ပေးပါကွာ.....
"ချော်...ချော်လဲတာပါ....ခြံထဲမှာ ချော်လဲတာတဲ့..."
"အဟင့်...မေ့သားငယ်လေး...."
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥