Paradise
Part-9
"Baek......"
"ဘာလဲ!!!!"
"စိတ်မဆိုးပါနဲ့တော့ Baek ရယ်....မောင် ၂ ရက်ပဲ ကြာတာလေ...နော်.. ခု ပြန်ရောက်နေပြီပဲဟာ..."
"မသိဘူး....လုပ်ချင်တာ လုပ်သွားတဲ့ သူနဲ့ စကားမပြောချင်ဘူး... "
ဂျပန်ကိုသွားတာ ၂ ရက်လေးပဲ ကြာပေမယ့် ၂ နှစ်လောက်ကြာသွားတဲ့အတိုင်း စိတ်ကောက်နေလေရဲ့...
သူ မနက်စာ စားနေတာကို ဘေးက ခုံမှာ ဝင်ထိုင်ပြီး ချော့နေတာ...
စကားမပြောချင်လည်း ရတယ်...စိတ်ရှည်ရှည်နဲ့ ချော့ရမှာ ကိုယ့်တာဝန်ပဲ ><"Baek ကလည်းကွာ....မောင် တောင်းပန်တယ်လေနော်....မောင့်ကို ပြန်ခေါ်နော်....နော်...နော် Yeobo...မောင့်ကို ခေါ်မယ်မလားဟင်.."
ကလေးတစ်ယောက်လို ဂျစ်တိုက်ပြီး ချော့နေမိတော့ သူက စားလက်စ ဇွန်းကို စားပွဲခုံပေါ် ဆောင့်ချကာ...
"Park Chanyeol shi!!! ခင်ဗျားက ကလေးအဖေနော်....မြင်လား....ဒီဗိုက်ကို မြင်လား...မပူသေးလည်း မြင်ရတယ်မလား....တကယ်တည်း ကလေးကလားနဲ့  >< စကားမပြောချင်ပါဘူးဆိုမှ..."
"အား....Baek ရယ် မောင် အသည်းယားလွန်းလို့ ဘယ်လိုလုပ်ရမလဲကွာ...ဟင်.."
ပြောရင်းနဲ့ ရှေ့နားတိုးပြီး သူ့ပါးဖောင်းဖောင်လေးကို ဖိနမ်းလိုက်တော့ မျက်စောင်းခပ်ကြီးကြီး ထိုးသွားသည်။
အင်း...အခြေအနေ ကောင်းနေပြီဆိုရမယ်။"အခုမှ အပိုတွေ လုပ်မနေနဲ့ !!! အမြင်ကိုကတ်တယ်....၂ ရက်လုံးမှာ ဖုန်း၃ခါပဲ ဆက်ပြီးတော့များ ခုမှ လာပြန်ချော့နေတယ်..."
မကျေမနပ်နဲ့ နှုတ်ခမ်းလေး ဆူပြီး ပြောနေတဲ့ အသည်းဦး , နှုတ်ခမ်းမှာပေနေတဲ့ ဟင်းအဆီလေးတွေကို တစ်ရှူးနဲ့ အသာသုတ်ပေးလိုက်သည်။ ထို့နောက် သူ့ခါးလေးကို တိုးဖက်လိုက်ရင်း.....
"အဲ့ ၃ခါလုံးရော Baek က ဖုန်းကိုင်လို့လား...? မောင့်မှာ နေမှကောင်းပါ့မလားလို့ စိတ်ပူနေရတာ...အိမ်ဖုန်းကိုဆက်ပြီး အဒေါ်ကြီးက နေကောင်းကြောင်းပြန်ဖြေမှသာ မောင် စိတ်အေးရတာ....သိလား....အဲ့ဒါ ခင်ဗျားလေး သိရဲ့လား..."
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥