Paradise
Part-14,
ဆိုင်မှာ မိသားစုတွေရော သူငယ်ချင်းတွေကိုရော ဧည့်ခံရင်း အိမ်ထောင်သက်တစ်နှစ်ပြည့်နေ့လေးကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့တယ်။ ညနေဘက်ရောက်နေပြီမို့ ဘယ်မှ လျှောက်မသွားတော့ပဲ အိမ်ကို ပြန်ဖို့သာ ဆုံးဖြတ်လိုက်တယ်၊ သို့သော်လည်း ပူစီပေါင်းလေးက မကျေနပ်။ အမယ်....လျှောက်လည်ချင်လိုက်တာ ဆိုပဲ><
"Aigoo....ကျွတ်..ကျွတ်...ကျွတ်....ပင်ပန်းလိုက်တာ...."
"ကဲ...မောင် မပြောဘူးလား....ပင်ပန်းပါမယ်လို့၊
ဒါတောင် လျှောက်လည်မယ်ပြောသေးတယ်.."အခန်းထဲ တန်းဝင်လာပြီး ကုတင်ပေါ်မှာ ထိုင်ကာ အဘိုးကြီးလေးလို ညည်းနေတဲ့ ပူစီဖောင်းလေး...
သူ့ကို ကုတင်ပေါ် ချထားပေးခဲ့ပြီး သူ လဲဖို့ ကျွန်တော့် အကျီ င်္တစ်စုံ ထုတ်လာလိုက်တယ်။"ဟင်...ကိုယ်တွေပူနေတာလား Baek?!!"
နှာခေါင်းလေးတွေ မျက်လုံးလေးတွေ ရဲတက်လာပြီး အပူချိန်လည်း သိသိသာသာတိုးလာတယ်လေ။ မဖြစ်တော့ပါဘူး။
"အပြင်ထွက်လိုက်တာကိုး မောင်ရဲ့...အဝတ်အစားလဲပြီး ဆေးသောက်လိုက်မယ်နော်..."
"ဆေးခန်းသွားမလား Baek? မောင် လိုက်ပို့မယ်လေ.."
"ဟင့်အင်း....ဒီအတိုင်းလေး မောင့်ရင်ခွင်ထဲမှာ နားချင်တယ်"
တီတီတာတာ ပြောတတ်တာကတော့ ရည်းစားဘဝထဲကနေ အခုချိန်ထိ မပြောင်းလဲသွားသလို သူ့ကို ချစ်တဲ့ အချစ်တွေကလည်း ဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ်။
"အချွဲလေး....ဒါဆို ခဏလေးနော်...မောင် အကျီ င်္လဲပြီးလာခဲ့မယ်"
အဝတ်လဲပေးရင်း အနွေးထည်လေးပါ ထပ်ဝတ်စေကာ ကုတင်ခေါင်းရင်းကို မှီပြီး ထိုင်ခိုင်းထားလိုက်တယ်။ ဆေးခန်းသွားပါမယ်ဆိုတာကို ပြောစကားနားမထောင်တဲ့ ပူစီဖောင်းလေးကြောင့် ကိုယ်တိုင်ပဲ ကိုယ်ဖိရင်ဖိ ပြုစုရပေတော့မည်။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥