Paradise ♥ Part-6

14.3K 945 20
                                    

Paradise

Part-6,

"​မောင်​ သွားပြီ​နော်​....Baek....ပြန်​ခါနီးဆို ဖုန်းဆက်​​နော်​...​မောင်​ လာကြိုမယ်​..."

"အင်းပါ....​မောင်​ရဲ့...ဂရုစိုက်​ပြီး ​မောင်းဦး​နော်​..."

ကုမ္ပဏီဝင်​ပို့​ပေးပြီး အပြန်​လာကြိုဖို့ ​ပြော​နေတဲ့ ​မောင်​....
ဒီ​နေ့ ​မနက်​တည်းက ​ခေါင်းနည်းနည်းမူး​နေတာ​ကြောင့်​ စိတ်​မချနိုင်​သူက ကုမ္ပဏီ​တောင်​ မသွား​စေချင်​....
ဒါ​ပေမယ့်​လည်း ကိုယ်​က အတင်းသွားမယ်​ချည်းလုပ်​​နေတာ​ကြောင့်​ အိမ်​က ထွက်​လာခါနီး​တောင်​ စကားများလာရ​သေးတယ်​။

အင်း.....အလုပ်လုပ်​​မယ်​ဆိုပြီး လာ​ပေမယ့်​လည်း ​ခေါင်းမူးပြီး အီလည်​လည်​ကြီး ဖြစ်​​နေတာ​ကြောင့်​ Lap top ​တောင်​ ဆက်​မကြည့်​နိုင်​​တော့တဲ့ အ​ခြေအ​နေ။
လက်​မှတ်​ထိုးစရာ​လေး​တွေထိုးပြီး ခုံမှာပဲ အ​နောက်​ဘက်​ နည်းနည်း​လေးမှီကာ နား​နေလိုက်​တယ်​။
ပြန်​ချင်​​ပေမယ့်​ ၂နာရီမှာ ဌာနအသီးသီးက တာဝန်​ခံ​တွေ​ကို​ခေါ်ပြီး အစည်းအ​ဝေးလုပ်​ဖို့ ​ပြောထားတာ​ကြောင့်​။

"Hello....Baek....​နေ​ကောင်းလား? ​"

ဖုန်းဝင်​လာလို့ ကိုင်​လိုက်​​တော့ စိတ်​ပူ​နေတဲ့ အသံက ဖုန်းထဲမှာ​တောင်​ သိသာ​နေပြီ။

"နည်းနည်း​တော့ မူး​သေးတယ်​ ​မောင်​ရဲ့....အခု ခဏနား​နေတာ..."

"မဖြစ်​​သေးပါဘူး....အပြန်​ ​မောင်​ လာကြိုရင်းနဲ့ တစ်​ခါတည်း ​ဆေးခန်းဝင်​လိုက်​ကြမယ်​...​နော်​.."

"အဲ့​လောက်​​တော့လည်း မဟုတ်​ပါဘူး...အခုရက်​ပိုင်း အိပ်​​ရေးပျက်​တာ​တွေ​ရော stress ​တွေ​ရော များ​နေလို့​နေမှာပါ..."

"​မောင်​ စိတ်​ပူလို့ပါကွာ..."

"ခဏ​နားလိုက်​ရင်​ ​ပျောက်​သွားမှာပါ ​မောင်​ရယ်​...​နေ့လည်​စာ ​သေချာစား​နော်​....အလုပ်​များ​နေတယ်​ဆိုပြီးမစားပဲ မ​နေနဲ့...."

"ဟုတ်​ကဲ့ပါဗျ...."

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Paradise ♥ Where stories live. Discover now