Paradise
Part-19,
နေရောင်ခြည် နွေးနွေးက မျက်ဝန်းမျက်ဆံအထိ တိုးဖောက်ဝင်ရောက်လာတာကြောင့် မျက်လုံးအသာဖွင့်ကြည့်မိတယ်။
ညက Byeol လေး ထငိုတာကြောင့် အချိန်အတော်ကြာ နို့ချို တိုက်ကျွေးခဲ့ရတာမို့ ခုလို နေမြင့်တဲ့အထိ အိပ်ပျော်နေမိတာ။သို့သော်လည်း ဘေးမှာ အမြဲ အိပ်မောကျနေတဲ့ မောင့်ကို ဒီနေ့ မတွေ့ရ။ ရင်ခွင်ထဲက သမီးလေးကတော့ နိုးနေတာများ ပြူးကြောင်ကြောင်လေး...
" Byeol လေးက နိုးနေတာလား.? Appa က အိပ်ယာထနောက်ကျနေတာနော်....ဟုတ်တယ်...ဗိုက်ဆာနေပြီလား? Byeol လေး ဗိုက်ဆာနေပြီလား ဟုတ်လား?"
] ကျွန်တော်ပြောတာကို နားမလည်သေးတဲ့ သမီးဟာ ကျွန်တော့်ကိုလည်း တစ်ချက် လှမ်းမကြည့်။ သူ့လက်မလေးသာ သူစုပ်နေလေရဲ့။
သမီးရဲ့ ပါးဖောင်းဖောင်းလေးကို အားရပါးရတစ်ချက်မွှေးကြူ ပြီး မျက်နှာသစ် ရေချိုးဖို့ရာ ထလိုက်တယ်။ ထိုအခါ မောင့် ခေါင်းအုံးလေးပေါ်မှာ တွေ့လိုက်ရတဲ့ note စာရွက်လေး....
- ♥ လေယာဉ်ချိန်က ၇ နာရီ ၁၅ မို့ မောင် မနှိုးပဲ သွားလိုက်တယ်♥
- ♥ လေအေးတွေတိုက်နေလို့ ခြံထဲ ကြာကြာမဆင်းနဲ့နော် Baek♥
- ♥ မောင် မြန်မြန် ပြန်လာခဲ့မယ်...ချစ်တယ်♥လက်ရေးခပ်သော့သော့နဲ့ ရေးထားတဲ့ စာလေးဟာ ကျွန်တော့်ကို နွေးထွေးမှုပေးနိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အဲ့ဒီလိုမျိုးပါပဲ...ကျွန်တော့်အတွက် မောင့်ရဲ့အချစ်တွေဟာ တိုက်ရိုက်မဟုတ်တဲ့ သွယ်ဝိုက်နည်းမျိုးနဲ့တောင် နွေးထွေးစေတယ်လေ။
ကိုယ်တိုင် ရေချိုး မျက်နှာသစ် ၊ သမီးကိုလည်း ရေနွေးနွေးနဲ့ ဂွမ်းလေးနဲ့ မျက်နှာသစ်ပေးပြီး သားအဖ၂ယောက် အိမ်အောက်ဆင်းလာကြတယ်။
နာရီကို ကြည့်လိုက်တော့ ၉နာရီ ထိုးခါနီးပြီ။ မောင်က ကြာနေလိုက်တာ.....
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥