Paradise
Part-35
"သားငယ်လေး...ပင်ပန်းနေပြီလား?"
"ထိုင်နေတာပဲဟာ...သား အဆင်ပြေပါတယ် မေမေရဲ့"
ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ SKY ရုပ်သံလွှင့်ဌာန နှစ်(၃၀) ပြည့်လေး ဖြစ်တဲ့အပြင် Bucheon မှာ အသစ်တိုးချဲ့လိုက်တဲ့ ရုံးခွဲဖွင့်ပွဲနေ့ဖြစ်သည်။ မနက်မိုးလင်းကတည်းက မောင်ရယ် ဖေဖေနဲ့ ကိုကိုရယ် Bucheon ရုံးကို သွားကြတယ်။ ကျွန်တော်နဲ့ သမီးငယ်ကတော့ ကျွန်တော့်မိဘတွေအိမ်မှာ မေမေတို့နဲ့ နေခဲ့တယ်။ Byeol လေးတစ်ယောက် သူ့daddy နောက်မလိုက်ရလို့ စိတ်ကောက်နေသော်လည်း Seoul နဲ့ 25 km လောက် ဝေးတာကြောင့် မောင့်မှာ ခေါ်မသွားချင်။
ညကျရင်လည်း Company Anniversary အတွက် ဧည့်သည်တွေဖိတ်ထားပြီး Dinner ကျင်းပမှာမို့...
"Byeol လေး အိပ်နေတာလား သားငယ်?"
"မဟုတ်ဘူးမေမေ...အပေါ်ထပ်မှာ Yoon လေးနဲ့ သွားဆော့နေတယ်"
ခြံထဲမှာ အလုပ်သမားတွေနဲ့ အလုပ်ရှုပ်နေကြတာကြောင့် ဧည့်ခန်းထဲက ခုံမှာ ထိုင်ကာ ကျွန်တော် TV ကြည့်နေတော့ အနားလာပြီး မေမေက မေးသည်။
"ဗိုက်က တစ်ချက်တစ်ချက်နာတယ်ဆို... အခုရော သက်သာရဲ့လား ငယ်ငယ်လေး..?"
"ဒီမှာ ခေါင်းအုံးလေးထည့်ပြီး ထိုင်လိုက်တော့ သက်သာတယ်မေမေ...သားလေးတွေကလည်း လိမ္မာပါတယ်..."
ထိုအခါ ကျွန်တော့်ကို ပြုံးပြီးကြည့်နေရာက အရှေ့နည်းနည်းတိုးကာ ကျွန်တော့်လက်တုတ်တုတ်ကို လာဆုပ်ကိုင်သည်။ ထို့နောက် ကျွန်တော့် ဆံပင်တွေကို သပ်တင်ပေးရင်း....
"မေမေ့သားလေးတောင် ကလေး၃ယောက်အဖေ ဖြစ်တော့မှာပဲ"
ပြုံးလျှက်သား မျက်ရည်တွေဝဲပြီး ပြောလာတဲ့မေမေ့ကို အခုချိန်မှာ ကျွန်တော်အပြည့်အဝ နားလည်နိုင်သည်။ ကျွန်တော်တောင် ၃ နှစ်ပြည့်ခါနီး သမီးငယ်ငယ်ကို စိတ်မချနိုင်ပဲ မိဘတစ်ယောက်ရဲ့ အတ္တဖုံးလွှမ်းတတ်သေးတာ...မေမေဆို ပိုဆိုးရောပေါ့...
KAMU SEDANG MEMBACA
Paradise ♥
Romansaမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥