Paradise ♥ Part-10

13.5K 836 27
                                    

Paradise 

Part-10,

"စိတ်​လှုပ်​ရှား​နေတာလား Baek?  မနက်​တည်းက သက်​ပြင်းတချချနဲ့...."

"ဟုတ်​တယ်​..... တကယ်​ စိတ်​လှုပ်​ရှား​နေတာ...သားသား​လေးလား မီးမီး​လေးလား သိချင်​​နေပြီ..."

ဒီ​နေ့ ကိုယ်​ဝန်​သွားပြရင်းနဲ့ Ultrasound ရိုက်​ရမယ်​လို့ ဆရာဝန်​က ​ပြောတယ်​။ ကိုယ်​ဝန်​က ၅ လထဲ ဝင်​လာ​ပေမယ့်​လို့ ပထမဆုံးကိုယ်​ဝန်​ဖြစ်​တာ​ရော ​အမျိုးသားကိုယ်​ဝန်​​ဆောင်​ ဖြစ်​တာ​ရော​ကြောင့်​ သာမန်​အမျိုးသမီးကိုယ်​ဝန်​ ၃ လ​လောက် ​အရွယ်​မျှသာ...ထင်​ထားသ​လောက်​ မပူ။
အဲ့ဒီ​တော့လည်း ဒုမန်​​နေဂျင်း​လေးက အကြိုက်​​ပေါ့....

"​မောင်​လည်း သိချင်​​နေပါပြီ....​မောင်​ အကျီ င်္ဝတ်​ပြီး သွားကြမယ်​​နော်​...."

"အင်း...ကုတင်​​ပေါ်မှာ အကျီ င်္ထုတ်​ထားတယ်​ ​မောင်​.."

ကိုယ့်​ကိုသာ အကျီ င်္ထု​တ်​​ပေးထားတာ...သူ့ကြည့်​​တော့ဖြင့်​ မှန်​​ရှေ့မှာ ​ရေချိုးဝတ်​တစ်​ထည်​နဲ့ sun cream လိမ်း​နေတာ.....
လှချင်​လိုက်​တာလည်း တစ်​​နေ့တခြား ပိုပိုဆိုးလာပြီး အပူအစပ်​စားတာလည်း မနည်းတားယူရတယ်​။
အ​မေတို့က​တော့ မိန်းက​လေးဖြစ်​မှာလို့ ခန့်​မှန်းကြ​ပေမယ့်​ တကယ်​တမ်း သိရမယ့်​ ​နေ့လည်းကျ​ရော ရင်​တုန်​​နေတာ သိသိသာသာ။

"အ​အေးပတ်​​တော့မှာပဲ Baek ​ရယ်​...လာ...အကျီ င်္လာဝတ်​​တော့..."

ပြောလိုက်​​တော့ သွား​လေးဖြဲပြပြီး အနား​ရောက်​လာတယ်​။ သူ့ကို အင်္ကျီအရင်ဝတ်ပေးပြီးမှ ကိုယ့်အတွက် ပြင်ရသည်။ ဒါတောင် သူ ခေါင်းဖြီးတာ စောင့်နေရသေးတာ....

"ပြီးပြီ ​မောင်​....သွားကြစို့ ..."
-
-
-
ဆေးရုံ​ရောက်​​တော့ ​ကောင်​တာမှာ နံပါတ်​ယူရင်း ​ရေသန့်​ဘူးပါ ဝယ်​ခိုင်းတယ်​။ ကိုယ်​ဝန်​ စမ်းသပ်​ဖို့ ​ရေဘူးအကြီးတစ်​ဗူး ကုန်​​အောင်​ ​သောက်​ရတဲ့ သူလည်း မသက်​သာလိုက်​တာ....ဆီးခုံတင်း​နေမှ ကိုယ်​ဝန်​စမ်းသပ်​လို့ရတာ​ကြောင့်​ သူ​လေးမှာ မ​သောက်​လို့ကလည်း မဖြစ်​.....

Paradise ♥ Where stories live. Discover now