Paradise
Part-30,
"မောင်တို့ အိမ်ပြန်ကြရအောင်နော်..."
ဒီလိုဆိုတော့လည်း မျက်ရည်တွေ ချွေးတွေ ရွှဲနေရဲ့ကြားက ခေါင်းလေးညိမ့်ပြတယ်။ စိတ်ဆိုးပြေသွားပြီထင်တယ်။
ကျွန်တော့်ကားကို ဆိုင်က စားပွဲထိုးတစ်ယောက်အကူအညီနဲ့ ကျွန်တော်တို့အိမ်ကို ပို့ခိုင်းလိုက်ပြီး သူယူလာတဲ့ကားနဲ့ပဲ ယောက္ခမအိမ်ကို ပြန်ဖို့လုပ်ရတယ်။ ကိုယ့်အိမ်ကိုယ် တန်းပြန်ချင်ပေမယ့် ဝက်ကလေးက အိပ်နေသေးတယ်မလား.....
ကားမောင်းနေရင်းနဲ့လည်း ဘာစကားမှ မပြောပဲ ရှိုက်ပဲရှိုက်နေတဲ့ သူ။
ကျွန်တော်မူးနေတာကြောင့် သူကိုယ်တိုင်မောင်းမယ်တဲ့လေ။အိမ်ရောက်တော့ ကားကို ခြံထဲထိ မဝင်ပဲ ခြံရှေ့မှာတင် ရပ်လိုက်တာကြောင့်....
"အထဲထိမဝင်ဘူးလား Baek ရဲ့..?"
"ကိုကို့မျက်နှာကို မတွေ့ချင်ဘူးမလား....Baek သမီးကို ခေါ်ပြီးလာခဲ့မယ်...ဒီမှာ စောင့်နေလေ.."
"အာ...မဟုတ်တာ...ရောက်မှတော့ ဝင်နှုတ်ဆက်ရမှာပေါ့..ဒီအတိုင်း အပြင်မှာ နေခဲ့လို့ ကောင်းပါ့မလား.."
"အင်းပါ...အဲ့ဒါဆိုလည်း ဆင်း"
ခြံအဝကနေပဲ ၂ယောက်လုံး အိမ်ထဲဝင်လာတော့ ၉ နာရီကျော်နေပြီဖြစ်တာကြောင့် ဧည့်ခန်းမှာ လူမရှိတော့။ သို့သော်လည်း ကားသံကြားလို့ ထင်တယ်။ ဖေဖေနဲ့ မေမေက အပေါ်ထပ်က ဆင်းလာတယ်။
မေမေ:" ဟယ်...ပြန်အဆင်ပြေသွားကြပြီလား သားလေးတို့..?"
Chan:" ဟုတ်...တောင်းပန်ပါတယ် အမေ..အဖေ...သက်သက် စိတ်ညစ်အောင် လုပ်မိပြီ.."
ဖေဖေ: " အဖေတို့ စိတ်ညစ်တာထက် ကာယကံရှင်သားတို့က ပိုဆိုးမှာပေါ့...ဟိုကလေးလေး...စိတ်ကလက်တစ်ဆစ်နဲ့ ရန်ထပ်မဖြစ်နဲ့တော့နော်.."
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥