Paradise ♥ Part-3

14.8K 1K 11
                                    

Paradise

Part-3,

"ကျွန်​​တော်​ က​လေးယူဖို့ အစီအစဉ်​ မရှိပါဘူး ​ဖေ​ဖေ"

"ဟင်း....အင်း​လေ သားလည်း ​ယောကျာ်း​လေးတစ်​​ယောက်​ဆို​တော့ ​ဖေ​ဖေ အတင်း မတိုက်​တွန်းပါဘူး"

"ငယ်​​​လေး....မယူရဘူး​နော်​....ကိုကို ခွင့်​မပြုဘူး...."

"ကျွန်​​တော်​လည်း မယူပါဘူး ကိုကိုရဲ့..."

"မင်းတို့ဟာက မဟုတ်​​သေးပါဘူးကွာ...Chanyeol ဘက်​ကိုလည်း ထည့်​စဉ်းစားဦးမှ​ပေါ့...."

"ဟင့်​အင်း....ငယ်​ငယ်​ က​လေး​မွေးမယ့်​ ကိစ္စ​တော့ လုံးဝလက်​မခံနိုင်​ဘူး...​ယောကျာ်းချင်းယူထားတာ​တောင်​ ငယ်​ငယ့်​ကိုချစ်​လွန်းလို့ ခွင့်​ပြုလိုက်​တာ..."

Mrs Byun : " သားကြီး အသံ​လျှော့​ပြောစမ်း...Chanyeol ​လေး ကြားသွားရင်​ မ​ကောင်းဘူး..."

"ဟို....သားတို့​ကြောင့်​နဲ့​တော့ ပြသာနာမဖြစ်​ကြပါနဲ့....သား အဆင်​​ပြေသလို ကြည့်​လုပ်​ပါ့မယ်​...."

"​အေးပါကွယ်​...​မေ​​မေ့သား​လေးသာ စိတ်​အညစ်​မခံနဲ့​နော်​...."

"ဟုတ်....​ဒါဆို သားတို့ပြန်​​တော့မယ်​​နော်​...စားလို့လည်း ပြီးပြီဆို​တော့..."

"​အေး...​အေး ​မေ​မေ ကင်​မ်​ချီ​တွေ ထည့်​​ပေးထားပြီးပြီ..."

ကြာကြာ​နေရင်​ ကိုယ့်​​ကြောင့်​နဲ့ အိမ်​ကလူ​တွေ ပြသာနာတက်​​တော့မယ်ဆိုတာ သိနေပြီ။ ထမင်းလည်း စားပြီးသွားတာ​ကြောင့်​ ဧည့်​ခန်းမှာ က​လေးနဲ့အပြိုင်​ အရုပ်​ဆက်​​နေတဲ့ အိမ်​ဦးနတ်​​လေးဆီ အ​ပြေးသွားလိုက်​တယ်​။

"​မောင်​​ရေ....အိမ်​ပြန်​ကြမယ်​.!!!!"

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

အိမ်​ပြန်​​ရောက်​​တော့ ​နေ့လည်​ ၂ နာရီ​တောင်​ မထိုး​သေးဘူး။
ကုတင်​​ခေါင်းရင်းကို မှီထိုင်​​နေတဲ့ ​မောင်​က ကုမ္ပဏီက လချုပ်​စာရင်း​လေး​တွေ ပြန်​စစ်​​နေတုန်း ကျွန်​​တော်​က ​မောင့်​ရင်​ခွင်​ထဲမှာ...
သူအလုပ်​လုပ်​​နေတာ​ကြောင့်​ ငြိမ်​ငြိမ်​​လေး​နေပြီး သူ့ကိုယ်​သင်းနံ့​လေးကို ရှုရှိုက်​ရတာလည်း ကိုယ်​ နှစ်​သက်​တဲ့ အရာ​တွေထဲက တစ်​ခု......

Paradise ♥ Where stories live. Discover now