Paradise
Part-26,
ပထမဆုံး အလုပ်ပြန်လုပ်တဲ့နေ့ဖြစ်တဲ့အပြင် ပြန်လေ့လာစရာတွေလည်း များတာကြောင့် ကျွန်တော့်မှာ ဟန်မဆောင်နိုင်စွာပဲ ပင်ပန်းနေသည်။ ကျွန်တော်တို့ ညစာစားပြီး သမီးကိုလည်း ဖြည့်စွက်စာ ကျွေးရသေးသည်။ အစားပုတ် အိပ်ပုတ် ဝက်ကလေးဟာ ဖြည့်စွက်စာကိုလည်း အတင်းကျွေးစရာမလိုပဲ ဝင်အောင်စားတယ်လေ။ ကျွန်တော် မျက်နှာငယ်လေးနဲ့ တောင်းဆိုတိုင်း လိုက်လျောပေးတတ်တဲ့ သမီးငယ်ငယ်ဟာ Daddy သမီးပီသပါပေတယ်။
ဧည့်ခန်းထဲက ခုံမှာ ကာတွန်းကားပြရင်း ဖြည့်စွက်စာကျွေးနေတော့ ခုံမှာ မိန့်မိန့်ကြီးထိုင်ကာ ပါးစပ်ကလည်း တမြုံ့မြုံ့နဲ့ ဝါးနေသေးတယ်။
မောင်က အလုပ်နည်းနည်းပါလာတာမို့ စာကြည့်ခန်းထဲ ရောက်နေတော့ အရှေ့မှာ ကျွန်တော်တို့ သားအဖနှစ်ယောက်တည်း။"အာ...Byeol လေး...ဟပါဦး.."
ပါးဖောင်းဖောင်းလေးက ပလုပ်ပလောင်းနဲ့ တမြုံ့မြုံ့ဝါးနေတာ ရှဥ့်ပေါက်လေး သစ်သီးစားနေသလို။ တစိမ့်စိမ့်ကြည့်နေရင်း အသည်းယားတာကြောင့် ပါးဖောင်းဖောင်းလေးကို အားရပါးရ မွှေးကြူ လိုက်တော့ နို့နံ့သင်းသင်းရသည်။ လက်တုတ်တုတ်လေးတွေဟာလည်း ကောက်ညှင်းထုပ်လေးအတိုင်းပင်။ ယောက္ခမပြောတာတော့ မောင် ငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပဲတဲ့လေ။
"Aigoo....ခုထိ စားတုန်းလား သမီးရဲ့..?"
နေရာအနှံ့ လျှောက်နမ်းနေရင်း ကြားလိုက်ရတဲ့ အနောက်ဘက်က အသံ။ မောင်တောင် အလုပ်ပြီးပြီ....သမီးက ခုထိ စားလို့မကုန်သေးတာ။ အစာမကြေမှာစိုးလို့ ဖြည်းဖြည်းစီပဲ ကျွေးရသည်လေ။ ဖြည့်စွက်စာရော နို့ပါ အလွတ်မပေးတဲ့ လောဘကြီးသူလေးဟာ ထင်တိုင်းကြဲပြီးတော့ကို ဝတုတ်လေးဖြစ်နေတာ။
"Baek ပင်ပန်းလာတယ်မလား..? နားရင်နားလေ..မောင် ဆက်ကျွေးလိုက်မယ်..."
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥