Paradise Part-2

16.8K 1K 12
                                    

Paradise

Part-2,

"​မောင်​​ရေ....!!! Baek ကို သဘက်​​လေး လာ​ပေးပါဦး.."

ရေချိုးခန်းထဲ​ရောက်​မှ သဘက်​​မေ့ကျန်​ခဲ့တာ​ကြောင့်​ အပြင်​မှာ အဝတ်​အစား လဲ​နေမယ့်​ သူ့ဆီက လှမ်း​တောင်းလိုက်​​တော့ တံခါးဖွင့်​ပြီး ဝင်​လာတဲ့သူက လက်​တစ်​ဖက်​က သဘက်​တစ်​ထည်​​တော့ ယူလာပါရဲ့။
အရင်​​ရေချိုးပြီး ထွက်​သွားတဲ့လူက ခုထိ အဝတ်​အစားမဝတ်​ရ​သေးပဲ ခါးမှာ ပတ်​ထားတဲ့ သဘက်​တစ်​ထည်​နဲ့....
ဘာ​တွေလုပ်​​နေမှန်းလဲ မသိပါဘူး !

"Baek...မြန်​မြန်​ချိုး​လေကွာ...ပွဲချိန်​က ​ဝေး​သေး​ပေမယ့်​ Baek ပဲ မနက်​စာ စားဦးမယ်​ဆို..."

"ပြီး​တော့မှာ ​မောင်​ရဲ့....သဘက်​ထားခဲ့ပြီး ထွက်​​တော့....အကျီ င်္မြန်​မြန်​ဝတ်​..."

လှမ်း​ပြောလိုက်​​တော့ ညစ်​ကျယ်​ကျယ်​အပြုံးနဲ့ ​ bath tube ထဲမှာ ​ရေချိုး​နေတဲ့ ကျွန်​​တော့်​နားကို ​​လျှောက်​လာပြီး....

"​မောင်​ ချိုး​ပေးရမလား...?"

"မြင်​လား....မြင်​တယ်​​နော်​...အချိန်​ကြာ​အောင်​မလုပ်​နဲ့....ထွက်​"

ဘေးနားက ဆပ်​ပြာဗူး​ကောက်​ကိုင်​လိုက်​​တော့မှ နှုတ်​ခမ်းမဲ့ပြီး အပြင်​ထွက်​သွား​လေရဲ့....
နေပါ​စေ....မ​ချော့ဘူး။

ဒီ​နေ့ Sunday ဖြစ်​​ပေမယ့်​လို့ ​မောင့်​သူငယ်​ချင်း ၂​ယောက်​ထဲက တစ်​​ယောက်​ဖြစ်​တဲ့ Kim Jongdae ရဲ့ Wedding ဖိတ်​ထားတာ​ကြောင့်​ ၂​ယောက်​လုံး ပွဲတက်​​ပေးရမယ်​​လေ....

ယောကျာ်း​လေး၂​ယောက်​ဖြစ်​တာ​ကြောင့်​ ကြီးကြီးကျယ်​ကျယ်​မလုပ်​ပဲ ဘုရား​ကျောင်း​လေးမှာသာ အသိမိတ်​​ဆွေ​တွေနဲ့ လုပ်​မှာ။
အင်း....ကျွန်​​တော်​တို့တုန်းက​တော့ အဲ့လိုမဟုတ်​ခဲ့ပါဘူး။
Announcer တစ်​ဦးဖြစ်​တဲ့ ကျွန်​​တော့်​လက်​ထပ်​ပွဲက ခမ်းခမ်းနားနား ကြီးကြီးကျယ်​ကျယ်​မလုပ်​လည်း ရ​ပေမယ့်​ နှစ်​ဖက်​လုံးဘက်​က အသိမိတ်​​ဆွေ​တွေ​ရော sharer ရှင်​​တွေ​ရော ဖိတ်​ရတာ​ကြောင့်​ မထင်​မှတ်​ထားပဲ အကြီးအကျယ်​​တွေဖြစ်​ကုန်​​ရော......

Paradise ♥ Where stories live. Discover now