Paradise
Part-4,
"မေမေ ထမင်းစားပြီးမှပြန်လေ....သား သွားပြင်ပေးမယ်..."
"နေပါစေ ငယ်လေးရယ်...မေမေကတောင် အိမ်မှာလိုက်စားဖို့ ခေါ်မလို့ကို....."
ring ring ring ♬ ♬ ♬ ♬
"သူ့ညီ ဆက်တာ မေမေ..."
"Hello, Sehun လေး ပြော..."
"Hyung, ကိုကြီး နေမကောင်းဘူး..."
"ဟင်....ဟုတ်လား...? တော်တော်ဖျားနေတာလား Sehun ? "
"ဟုတ်...အဲ့ဒါ အမေက ဆိုင်မှာ ပစ္စည်းအသစ်တွေရောက်လို့ ကျွန်တော်နဲ့ ထားခဲ့တာ....ကျွန်တော်က အခု ကျူ ရှင်သွားရတော့မှာမို့ Hyung လာပေးပါလား..."
"Arr...လာပြီ Hyung အခု လာပြီ Sehun..."
"ဟုတ်..."
သူ့အကျင့် သူ့အမူအရာကအစ အလွတ်ရသည်အထိ စွဲလန်းတာမို့ သူ ဒီလိုဖြစ်မှာလည်း စိတ်က ထင်နေခဲ့တာ....
"မေမေ....သူ နေမကောင်းဖြစ်နေတယ်တဲ့...သားလိုက်သွားလိုက်ဦးမယ်နော်...."
"အေး...အေး...ငယ်ငယ် သေချာလည်း ချော့ခဲ့ဦးနော်...."
"ဟုတ် မေမေ!!!!!!!"
အမေဖြစ်သူက ဧည့်ခန်းကနေ လှမ်းအော်နေလည်း အလျင်လိုသူ မောင် Baekhyun မှာ အော်ရင်းနဲ့သာ အပေါ်ကို ပြေးတက်ပြီး အဝတ်သွားလဲလေရဲ့။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ကျွန်တော် ယောက္ခမအိမ်ကိုရောက်တော့ တံခါးလေးပဲ စေ့ထားတာကြောင့် အိမ်ထဲဝင်ပြီး သူ လူပျိုဘဝက နေခဲ့တဲ့ အခန်းဆီပဲ ဦးတည်လိုက်တယ်။.....
ကုတင်ပေါ်မှာ အနွေးထည်လေးနဲ့ စောင်ပုံကြားထဲ မြုပ်နေတဲ့ လူဆိုးကောင်လေး.....သေလောက်အောင် လွမ်းနေရသူလေး....အဖျားစမ်းကြည့်မိတော့ ခန့်မှန်းရသလောက် အဖျား ၁၀၀ လောက်ရှိမယ်ထင်တယ်။ အိပ်နေသေးတာကြောင့် အောက်ထပ် မီးဖိုထဲဝင်ကာ သူ စားဖို့ ဆန်ပြုတ်လုပ်ရတော့တယ်။ တော်သေးတာက ယောက္ခမက အကုန်လုပ်ပေးသွားတာပဲ။ အဲ့ဒီတော့လည်း ခူးခတ်ပြီး ဝယ်လာတဲ့ဆေးလေး တိုက်ရုံပေါ့။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥