Paradise
Part-33,
လိုက်ကာကနေ တိုးဖောက်လာတဲ့အလင်းရောင်ကြောင့် မျက်ခွံတွေ လူးလွန့်လာမိပေမယ့် မဖွင့်နိုင်။ ခေါင်းထဲ မူးဝေနေတဲ့ ဝေဒနာဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာသည်။ Byeol လေးတုန်းက morning sickness ဆိုတာကြီး သိပ်မခံစားရပေမယ့် အမြွှာလေးတွေအလှည့်မှာ တော်တော်ခံရခက်သည်လေ။
ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်တဲ့အခါ ရင်ခွင်ကျယ်ကိုသာ မြင်တွေ့ရတာကြောင့် ထိုရင်ခွင်ထဲ တိုးဝင်ကာ အနမ်းဖွဖွပေးမိတော့ လက်တစ်ဖက်က ကျွန်တော့်တင်ပါးပေါ်တင်ကာ လာပုတ်သိပ်သည်။ အိပ်ချင်မူးတူးနဲ့ ကျွန်တော့်ကို ပြန်ပုတ်သိပ်နေတာကြောင့် မူးဝေနေတဲ့ကြားကပဲ ပြုံးမိသည်။ မောင်တစ်ယောက်ကလေ....
သူ့ရင်ခွင်ထဲ တိုးဝင်နေရင်းက ထိုးကိုက်လာတဲ့ခေါင်းရယ် အန်ချင်သလိုလို ဖြစ်လာတဲ့ ဝမ်းတွင်းရယ်ကြောင့် မနေနိုင်စွာ တစ်ချက်ညည်းညူ မိတော့....
"ဟင်? yeobo ဘာလို့လဲ? ဘာဖြစ်လို့လဲ? "
အနည်းငယ် နောက်ဆုတ်ကာ သူ့ရင်ခွင်ထဲက ကျွန်တော့်ကို စိုးရိမ်တကြီး လှမ်းကြည့်လာလေတယ်....
"ခေါင်းမူးတယ်....Baek မခံစားနိုင်တော့ဘူး "
စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောပြမိတော့ မျက်လုံးမပွင့်သေးပဲ ကုန်းထလာသည်။ ဆံပင်တွေကလည်း ပွရှုပ်ပြီး မျက်လုံးတွေလည်း ဖောင်းအစ်နေတဲ့ ကလေးအဖေ !
"ဆေးခန်းသွားမလား Yeobo? မောင် ဘာလုပ်ပေးရမလဲ? "
"ဟင့်အင်း...မသွားချင်ဘူး...ခဏလှဲနေလိုက်ရင်တော့ ပျောက်သွားမှာပါ..."
"အခုမှ ၂လတောင်မပြည့်သေးဘူး...၃ ၊ ၄ လလောက်ထိ မနက်တိုင်း ဒီလိုဖြစ်နေမှာဆို မောင့်အချစ် ပင်ပန်းတော့မှာပဲ!!"
"ပင်ပန်းအောင်ရော...ဘယ်သူ လုပ်တာပါလိမ့်?"
ပြုံးစစနဲ့ ပြန်ပြောလာတဲ့ အသည်းအသက်လေး...
သူ့ ဝေဒနာတွေသက်သာအောင် စိတ်ပြေလက်ပျောက် စကားပြောပေးနေလိုက်တော့ လှဲနေလျက်ကပင် ပြန်ပြောလာသည်။
KAMU SEDANG MEMBACA
Paradise ♥
Romansaမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥