Paradise
Part-24,
"Byeol လေး...Appa က ကြာလိုက်တာနော်...ဘာတွေလုပ်နေမှန်းမသိဘူး...လာ...Daddy တို့ အခန်းထဲ သွားချောင်းကြည့်ရအောင်"
ဒီနေ့ JongIn နဲ့ Kyungsoo တို့ရဲ့ wedding လေ...
သွားဖို့ ပြင်ဆင်နေတာ မနက် အိပ်ယာနိုးတည်းက...ကျွန်တော်ရော သမီးလေးရောကို အသေအချာပြင်ပေးလိုက်ပြီး သူက အခုထိ အခန်းထဲက ထွက်မလာ။သမီးငယ်လေးက အခုဆို ၆ လ ပြည့်တော့မှာမို့ လည်လိုက် တတ်လိုက်တာလည်း အဖေ၂ယောက်က သင်ပေးထားတဲ့အတိုင်းပဲ။ တစ်မျိုးလုံး တစ်ဆွေလုံးရဲ့ အငယ်ဆုံးလေးမို့ အားလုံးအလိုလိုက်ထားတာကြောင့် နဂိုစိတ်ကြီးတဲ့ သမီးဟာ နည်းနည်းတော့ ဂျီတိုက်သည်။ Baek က" Daddy နဲ့ ပြန်တိုင်မှာနော်...Daddy ရိုက်လိမ့်မယ်" ဆိုပြီး ခြောက်တတ်တာကြောင့် ကျွန်တော် မာန်လိုက်ရင်တော့ကြောက်ပုံရသည်။ ဒါလည်း ခဏတာ။
သားအဖ၂ယောက် အိပ်ခန်းတံခါးလေးကို အသာဖွင့်ကာ
ချောင်းကြည့်လိုက်တော့ အပေါ်ပိုင်း ဗလာနဲ့ အောက်က ဘောင်းဘီကို ဇစ်တပ်နေတဲ့ ပိကျိ။ မမြင်သင့်တာတွေ မြင်ကုန်မှာစိုးတာကြောင့် သမီးမျက်လုံးလေးကို လက်နဲ့ အုပ်ကာ ကျွန်တော်ကတော့ ဆက်ကြည့်နေလိုက်တယ်။ ကိုယ့်ယောကျာ်းကိုယ် မမြင်ဖူးတာလည်း မဟုတ်။ ><"Omma!!!!"
သေချာပြင်ဆင်ပြီး အခန်းပြင်ထွက်လာတဲ့အခါ အခန်းဝမှာ မျက်လုံးပြူး မျက်ဆံပြူးနဲ့ အလန့်တကြားဖြစ်နေတဲ့ သားအဖ၂ယောက်။ မဟုတ်မှလွဲရော.....
"လန့်လိုက်တာ မောင်ရာ..! ဒီမှာ ဘာလုပ်နေတာလဲ? "
မေးလိုက်တော့ သွားလေးဖြီးကာ အယူခံဝင်တော့မယ့် ကလေးအဖေ။ လေထုက သိပ်တော့မသန့်။
"ဟို...သမီးလေ Baek ရဲ့...ဗိုက်...ဗိုက်ဆာလို့တဲ့..အဲ့ဒါ..မောင်က Baek ကို လာ ခေါ်တာ....Hee"
"Baek ရေမချိုးခင်တုန်းကမှ တိုက်ထားတာကို..ဟုတ်လား...သမီးငယ်လေး... ချိုချိုဆာလို့လား..?"
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥