Paradise
Part-18,
"အိမ်ကို ဧည့်သည်တစ်ယောက် ရောက်လိမ့်မယ် Yeobo.."
နှစ်ဖက်မိသားစု သူငယ်ချင်းတွေကလွဲပြီး အမျိုးမရှိတဲ့ ကျွန်တော်တို့၂ယောက်လုံးအတွက် ဧည့်သည်ဆိုတဲ့စကားက နည်းနည်းတော့စိမ်းတယ်။
"ဧည့်သည်? ဘယ်က ဧည့်သည်လဲ မောင်ရဲ့?"
မေးလိုက်တော့ ရေချိုးခန်းထဲ ဝင်ဖို့ပြင်နေတဲ့ သူက အခန်းတံခါးလက်ကိုင်ကို လွှတ်လိုက်ကာ ကိုယ်ရှိရာ ကုတင်ဘက်ကို လျှောက်လာတယ်။ ခါးမှာ သဘက်သာရှိနေတဲ့ သူ့ကို အအေးပတ်မယ်လို့လည်း မပြောမိ။ အခုချိန် ဧည့်သည်ဆိုတဲ့လူနဲ့ သူမျက်နှာမကောင်းတာ ဘယ်လိုများ ဆက်စပ်နေလဲပဲ သိချင်တာ....
"မောင့်...မောင့်အသိ ညီလေးတစ်ယောက်ပါ"
"......."
"မောင် အထက်တန်း သူ အလယ်တန်းလောက်မှာ သူတို့မိသားစုက မောင်တို့ အိမ်ဘေးနားကိုပြောင်းလာတာ....သူစိမ်းတွေပဲရှိတဲ့ ပတ်ဝန်းကျင်ကြောင့်ထင်တယ်...အဲ့ဒီကလေးက မောင့်ဆို အရမ်းခင်တွယ်တာ...."
"အခု သူက ဘယ်မှာလဲ...? ဒီအိမ်ကို သက်သက်လာတာလား?"
"လွန်ခဲ့တဲ့ ၃နှစ်လောက်ကဆိုတော့ မောင် baek နဲ့ မတွေ့ခင်ကပေါ့....သူတို့ တစ်မိသားစုလုံး America ကို ပြောင်းသွားကြတာ..သူလည်း အဲ့မှာပဲ ကျောင်းတက်နေတာ...."
"အဲ့ဒါနဲ့....."
"အခု သူတို့ university က project လေးတစ်ခုကြောင့် ကိုရီးယားကို ပြန်လာရမှာတဲ့...ဒီမှာလည်း သူက အသိမရှိတော့လေ...အဲ့ဒါကြောင့် မောင်တို့အိမ်မှာ...ဟို...၂ ပတ်လောက်ပဲလို့ ပြောတယ် Yeobo ရဲ့.."
"ဒါကိုပဲ မောင်က မငြင်းပဲနဲ့ လက်ခံလိုက်တယ်ပေါ့"
"အာ...မဟုတ်ဘူး..မောင် ငြင်းတယ်...ဒါပေမယ့် အဲ့ဒီကောင်ဆိုးလေးက ကလေးအရမ်းဆန်နေတော့ Baek နဲ့ တိုင်ပင်ဦးမယ်လို့ပြောလိုက်တာ..."
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥