Paradise
Part-29,
စိတ်ဆိုးဆိုးနဲ့ ထွက်လာခဲ့တာ ကျွန်တော့် မိဘတွေအိမ်....
ဧည့်ခန်းထဲမှာ အခုလက်ရှိ ကျွန်တော်ရယ် မေမေရယ်။"စိတ်လျှော့လေ ငယ်ငယ်ရဲ့....Byeol လေးကိုလည်း ထည့်စဉ်းစားဦးမှပေါ့...."
"........"
မေမေက အတတ်နိုင်ဆုံး စိတ်လျှော့ဖို့ ဖြောင်းဖျပေမယ့် သူ့ကိုတော့ မှတ်လောက်သားလောက်အောင်ကို ပစ်ထားချင်သည်။ သမီးကို ကျွန်တော် ဘယ်လောက် ချစ်လဲ သူမသိတာလည်း မဟုတ်။
"ငယ်ငယ်....."
"တောင်းပန်ပါတယ် မေမေ...ကျွန်တော့်ကို အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှထပ်မပြောပါနဲ့....ကျွန်တော် ဒီမှာ ခဏနေမယ်....ဖြစ်တယ်မလား?"
"မေမေကတော့ အချိန်မရွေးပေါ့ သားငယ်ရယ်...ဒါပေမယ့်"
မေမေစကားကို ဆုံးအောင် ဆက်မပြောစေပဲ ထိုင်နေရာက ထကာ
"ကျွန်တော် သွားနားတော့မယ်...."
"အေး...အေးပါကွယ်....စိတ်ကို လျှော့နော် ကလေးလေး"
ဘာမှ ပြန်မပြောပဲ ကျွန်တော် အရင်က နေနေကျအခန်းလေးသာ ဝင်လာခဲ့တယ်။ သမီးငယ်ငယ်တော့ အဆင်မှပြေရဲ့လား။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညစာ စားတဲ့အချိန်လည်း ဘာမှမမေးကြတာကြောင့် နည်းနည်းတော့ စိတ်သက်သာရာရသည်။ ကျွန်တော် မကြိုက်ကြောင်း မေမေက ကြိုပြောထားပုံရသည်လေ။
ညစာစားပြီး ခြံထဲက ခုံလေးမှာ ခဏထိုင်နေတုန်း....
"ငယ်ငယ်..."
"ကိုကို..."
"ကလေးကို သတိရနေပြီမလား?"
ပြုံးစစနဲ့ မေးလာတဲ့ ကိုကို့စကားကို ငြင်းဆိုဖို့ရာ ကျွန်တော့်မှာ စကားလုံးမရှိ။ တကယ်လည်း ကျွန်တော် သတိရနေခဲ့တာမို့....
VOUS LISEZ
Paradise ♥
Roman d'amourမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥