Paradise
Part-27,
"အဟင့်...!!.အမ်း...!!...အမ်း..!!!"
ဟင်...! ဒါ သမီးငိုသံ။ သားအဖ ၂ယောက် ဘာဖြစ်ကြပြန်တာလဲ မသိပါဘူး ။
ဒီနေ့ အလုပ်ပိတ်ရက်လေး ဖြစ်တာမို့ သမီးငယ် အဝတ်တွေ ကိုယ်တိုင် လျှော်ဖို့ရာ သူ့ကို ခဏလေးထိန်းခိုင်းလိုက်ပါတယ်။ ဟော..အခုငိုပြီ။ ကျွန်တော်တို့ ၂ယောက်ရဲ့ အဝတ်တွေတော့ အဒေါ်ကြီးလျှော်ပေမယ့် ကိုယ်မွေးထားတဲ့ ကိုယ့်သမီးအဝတ်တွေ အညစ်အကြေးတွေတော့ ကိုယ်တိုင်ပဲ သန့်စင်ပေးချင်သည်လေ။ အစစအရာရာ အကုန်လုံး ကိုယ့်လက်ကိုယ့်ခြေ လိုက်လုပ်ပေးချင်တဲ့ မိဘစိတ်ကလည်း တစ်မျိုးတော့ နားလည်ရခက်သား။
အကျီ င်္ပိစိလေးတွေ လျှော်နေရင်းက လုပ်လက်စ ပစ်ချပြီး အိမ်ရှေ့ထွက်ရသည်။ Park Chanyeol ဆိုတာကလည်း ကိုယ့်သမီးကို မငိုငိုအောင် စတတ်တဲ့အမျိုး။ ဝက်ကလေးက မျက်ရည်တွေနဲ့ မဲ့မဲ့ပြီး ကျွန်တော့်ဆီ ပြန်တိုင်ရင် သူ သိပ်သဘောကျတာတဲ့လေ။
"ဟား..ဟား..သမီးကလည်း ဒါ ငိုစရာမှမဟုတ်တာကွာ...မငိုရဘူးလေ...ပါ..ပါ..သမီး...ပါ...အီအီး."
ဧည့်ခန်းထဲရောက်တော့မှပဲ ရယ်ချင်စိတ်က ထိန်းမရတော့ဘူး။
မောင်က ဆိုဖာအောက်မှာ ထိုင်ရင်း သမီးကိုလည်း ပေါင်ပေါ်တင်ကာ TV ကြည့်နေပုံရသည်။ ထိုအချိန်မှာပဲ သူ့ပေါင်ပေါ် အီအီးပါချလိုက်တယ်ထင်ရဲ့။ အခုတော့ ဝက်ကလေးက သူ့ Daddy ကို မဲ့ပြီး မျက်ရည်စလေးတွေနဲ့ လှမ်းကြည့်နေတာ..."မောင်...သမီး အီအီးပါနေတာလား.."
"Pa~~~"
ကျွန်တော့်ကိုလည်းမြင်ရော ညှစ်ထုတ်စရာမလိုတော့တဲ့ မျက်ရည်တွေဟာ ဘူးသီးလုံးလောက်ကို ကျလာတော့တာ။ ချွဲတတ်တာလည်း ၂ယောက်မရှိတဲ့ Park Byeol....
"ဟုတ်တယ် Baek....ဒီမှာ မောင့်ဘောင်းဘီတွေ ပေကုန်ပြီ"
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥