Paradise (Extra)
အဝေးပြေးလမ်းမပေါ်မှာ တရွေ့ရွေ့သွားနေတဲ့ ကားလေး....
ထိုကားလေးထဲမှာမှ ပျံ့ လွင့်နေတဲ့ ဝက်ဝံသုံးကောင်သီချင်းလေး..
Byeol ဝတုတ်လေးရဲ့ ရွတ်ဆိုသံဆာဆာလေးရယ် ဝက်ကလေး၂ကောင်နဲ့ သူတို့ Appa ရဲ့ လက်ခုပ်တီးအားပေးသံရယ်။ Daddy Park ကတော့ ကားမောင်းရင်း အားပေးနေတာပေါ့။ဒီနေ့လေးက သားသားတို့ တစ်နှစ်ပြည့်မွေးနေ့အပြီး မိသားစုစုံစုံလင်လင် ပထမဆုံး ခရီးထွက်လာခြင်း။ သေးသေးလေးတွေ ပင်ပန်းမှာစိုးတာရော ငယ်သေးတာရောကြောင့် ဘူဆန်အရှေ့ဘက်က Heaundae ပင်လယ်ကမ်းခြေကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တာ။
ဒါလည်း သူတို့ Daddy ဆုံးဖြတ်ချက်။Byeol လေးက Baekhyun ပေါင်ပေါ်မှာ...အမြွှာသား၂ယောက်က အနောက်ခန်းမှာ ဆိုပေမယ့် ကားတစ်စီးလုံး ဆူညံလှသည်။ Byeol လေးက ဒီနှစ်ဆို ၄ နှစ်ပြည့်တော့မယ်လေ။ မူကြိုတော့ မထားသေးပေမယ့် အိမ်မှာအားရင်အားသလို စာသင်ပေးတာကြောင့် အကုန်သိ အကုန်တတ်နေပြီး မောင်လေး၂ယောက်ကိုလည်း ဆရာမကြီးပြန်လုပ်တတ်သေးတာ။
"Pa....မီးမီး ရှုးရှုးပေါက်ချင်တယ်!"
ကျွန်တော့်ပေါင်ပေါ်က ဝက်ကလေးဟာ အငြိမ်တစ်ချက်မနေပဲ မောတိုင်းရေသောက်နေတော့ ခု လမ်းတစ်ဝက်နဲ့ ရှုးပေါက်ချင်ရောပေါ့။
"ကဲ..မောင်ရေ...ကားခဏ ရပ်ဦး "
"အင်း...ဟိုရှေ့နားကျ ရပ်ပေးမယ် Yeobo...မီးမီး ခဏအောင့်ထားနော်"
"Nae!!"
အရှေ့နားရောက်တော့ အရိပ်ရှိတဲ့နေရာမှာ ကားခဏရပ်ပြီး ရှုးရှုးတည်ဖို့ အမြန်ပြေးရသည်။ သားသားတို့ကတော့ အိပ်ပျော်လို့နေပြီ။
ရှုးတည်ပြီး ကားဆီပြန်လာတော့ မောင်က ကားဘေးမှာရပ်ကာ အကြောဆန့်နေသည်။ သူလည်း ပင်ပန်းပါတယ်လေ။ ကျွန်တော်က ကလေး၃ယောက်နဲ့ အလုပ်မလုပ်နိုင်သေးတာကြောင့် သူ့သားသမီးတွေအတွက် သူပဲ ကုန်းရုန်းရှာနေတာ။ အဲ့လောက်မလိုဘူးပြောတော့လည်း လက်မခံ ။ သူ့သားသမီးကို သူများထက် သာအောင် ထားချင်တာတဲ့လေ Sugar Daddy က ။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥