Paradise ♥ Part-17

12.1K 735 13
                                    

Paradise

Part-17,

"Baek....yeobo...ခဏထဦး.."

"ဟင်​...ဘာ...ဘာလို့လဲ? "

"ချုပ်​ရိုး​ဆေးထည့်​ဖို့တဲ့...nurse က လာနှိုးခိုင်းသွားတာ.."

ခွဲ​ကြောင်းချုပ်​ရိုးက ၆ နာရီတစ်​ခါ ​ဆေးထည့်​ရမှာဆို​တော့ အခု ၆နာရီပြည့်​သွားတဲ့ မနက်​ ၄ နာရီထိုးမှာ တစ်​ခါ ​ဆေးထည့်​ရ​တော့မယ်​​လေ။ ပင်​ပန်း​နေတာ​ကြောင့်​ မနှိုးချင်​လို့လည်း မရဘူး။

"​ဝါး....အင်း..အင်း.."

"အင်း...​အကျီ င်္ခဏလှန်​ရ​အောင်​​နော်​.."

အကျီ င်္​လေးလှန်​ပြီး ချုပ်​ရိုး​နေရာ​ဆေးထည့်​​ပေး​တော့ နာလို့ ညည်း​နေရှာတဲ့ Byeol ​လေး​ဖေ​ဖေ....
မျက်​ဝန်း​ထောင့်​​လေးက ကျလာတဲ့ မျက်​ရည်​တစ်​ချို့ကို ကြည့်​ပြီး အားနာစိတ်​​တွေက တဖွားဖွား....ကိုယ့်​​သွေးသား​ကြောင့်​ သူနာကျင်​​နေရပြီ။

"အရမ်းနာသွားလား Baek..?"

သူ့နဖူး​လေးကို ငုံ့နမ်းပြီး ညင်​ညင်​သာသာ​မေးလိုက်​​တော့ ​ခေါင်းခါပြတယ်​။ နာလွန်းလို့ မျက်​ရည်​ပါကျ​နေတာ​တောင်​ ကျွန်​​တော်​ စိတ်​ပူမှာစိုးလို့ မနာဘူး ငြင်း​နေတယ်​။

"သမီး အိပ်​​နေတာလား ?"

"အင်း....​စော​စောက တစ်​​ခေါက်​နိုး​သေးတယ်​...​မောင်​ ပုတ်​သိပ်​လိုက်​​တော့ ပြန်​အိပ်​သွားတယ်​.."

"Hee...ဝက်​က​လေး...အအိပ်​လည်းမက်​ပြီး အစားလည်း မက်​မယ့်​ပုံပဲ..အဲ့ဒါ ​မောင်​နဲ့တူတာ သိလား.."

သူ့သမီးအ​ကြောင်း ပြုံးပြုံးရွှင်​ရွှင် ​ပြော​နေတဲ့ သူ့ကိုကြည့်​ပြီး က​လေးဆန်​ဆန်​​မေးခွန်းတစ်​ခု ထုတ်​​မေးလိုက်​တယ်​။

"Baek...."

"ဟင်​?"

"သမီးကိုပိုချစ်​လား...​မောင့်​ကိုပိုချစ်​လား..?"

ခဏ​တော့ ​ကြောင်​သွားပုံရတဲ့ Baek က မျက်​လုံး​လေး ပြူးပြီး ​ကြောင်​​တောင်​​တောင်​​လေး....​နောက်​မှ ကိုယ့်​ကို ပြုံးပြီးကြည့်​လာတာ

Paradise ♥ Where stories live. Discover now