Paradise
Part-12,
"ဒါဆို အဖေက တစ်နှစ်လောက်တောင် နားခိုင်းလိုက်တယ်ပေါ့.."
"အင်း...ဟုတ်တယ်.."
"Aigoo...ယောက္ခမကြီးက မောင့်စိတ်ကို အတပ်သိနေတာပဲ.."
အပြန် လာကြိုရင်း ကားပေါ်မှာ ပြောပြလိုက်တော့ ကျွန်တော့် အဖေကပဲ သူ့စိတ်ကို သိနေတာတဲ့လေ...တကယ့် လိပ်လေး
"Baek ဘာစားချင်လဲ...? မောင် ဘယ်ကိုမောင်းရမလဲ..?"
"မမောင်းနဲ့တော့ မောင်...Baek ခါးနည်းနည်းနာနေလို့ အိမ်မှာ လှဲချင်နေပြီ.."
"ဟင်....ခါးနာတယ်....တော်တော်နာနေတာလား ? မောင်တို့ ဆေးရုံသွားမလား Baek..?"
"မလိုပါဘူး မောင်ရယ်...ခါးနာတာက ကိုယ်ဝန်ရှိတာကြောင့်ပါ...ကိုယ်ဝန်သည်တိုင်း ဖြစ်နေကျပဲဟာ...."
"အင်းပါ...ဒါဆိုလည်း မောင် အိမ်ကို မြန်မြန်မောင်းပေးမယ်နော်.."
ပါးနှစ်ဖက်က ပါးချိုင့်လေးတွေရဲ့ အကူအညီနဲ့ ကလေးလေးတွေလိုကို ချစ်ဖို့ကောင်းနေတော့တာပါပဲလား မောင်ရယ်...
အိမ်ပြန်ရောက်တော့ ညစာအတွက် စောသေးတာရော ကျွန်တော်ကိုယ်တိုင်လည်း ခါးနာနေတာကြောင့် မောင်က ကုတင်ပေါ်မှာသာ လှဲစေသည်။ သူကတော့ ပင်ပန်းလာတာကြောင့် ရေနွေးလေးစပ်ပြီး ရေဝင်ချိုးနေတယ်။ သူရေချိုးနေတုန်း ကုတင်ဘေးမှာ အားသွင်းထားခဲ့တဲ့ သူ့ဖုန်းလေးကနေ ringtone သံ ထွက်လာတာကြောင့် လှဲနေရာက ထထိုင်ပြီး ကောက်ကိုင်လိုက်တော့ contact က
" Mi Soo" တဲ့။
"Hello, "
"Oppa...မလာသေးဘူးလား..? Mi soo ဒီမှာစောင့်နေတာကို..."
တစ်ဖက်ဖုန်းကနေ ထွက်လာတဲ့ အသံဆာဆာလေး...
Oppa လို့ ရဲရဲဝံ့ဝံ့ခေါ်လိုက်တာကြောင့် ဖုန်းမကိုင်ထားတဲ့ လက်က တင်းကနဲ နေအောင် ဖြစ်သွားမိတယ်။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥