Paradise ♥ Part-34

10.9K 870 39
                                    

Paradise

Part-34,

"​ပြော...Byeol ​လေးမှာ အပြစ်​ရှိလား? မရှိဘူးလား?"

"အဟင့်​...ဟင့်​~~~"

"ငိုတာ တိတ်​​နော်​!!! ​မေးတာ​ဖြေ....အပြစ်​ရှိလား? မရှိဘူးလား?"

"ဟင်​...သားအဖ​တွေ ဘာဖြစ်​ကြတာတုန်း?"

Chanyeol အလုပ်​ကပြန်​လာပြီး အိမ်​ထဲဝင်​လိုက်​တဲ့အခါ မြင်​လိုက်​ရတဲ့မြင်​ကွင်းက အံ့ဩစရာ။ ၆ လအရွယ်​ ပူစီ​ပေါင်း​ပိုင်​ရှင်​​လေးက ဆိုဖာခုံမှာ ထိုင်​​နေပြီး ကြက်​​မွှေးကိုင်​ထားတယ်​။ ​ရှေ့တည့်​တည့်​မှာ​တော့ မတ်​တပ်​အ​နေအထားနဲ့ လက်​ပိုက်​လျှက်​ ရှိုက်​​နေသူ။ Park Byeol ဘာအပြစ်​လုပ်​ထားပြန်​တာလဲ မသိ​ပေမယ့်​ Baek ကိုကြည့်​ရတာ​တော့ အ​တော်​စိတ်​ဆိုး​နေပုံရသည်​။ သူတို့နားကိုသွားလိုက်​​တော့...

"အဟင့်..​Daddy~~~~~"

မျက်​ရည်​​တွေကြားထဲက လှည့်​ကြည့်​ကာ အကူအညီ​တောင်း​နေသူ။
သူ့ Appa ကို ​စိတ်​​ပြေ​အောင်​လုပ်​ဖို့ ကျွန်​​တော့်​ကို အားကိုးတကြီး လှည့်​ကြည့်​လာ​ပေမယ့်​...

"ဘယ်​သူ့ကို လှမ်း​ခေါ်​နေတာလဲ? ​မေးတာမ​ဖြေဘူး​နော်​...ရတယ်​!! ဒီအတိုင်း လက်​ပိုက်​ပြီး မတ်​တပ်​ရပ်​​နေ! ကိုယ့်​အပြစ်​ကိုယ်​သိမှ ထိုင်​ရမယ်​!! ကြားတယ်​​နော်​"

"အဟင့်​~~~ဟုတ်​~~Appa....ဟုတ်​"

ပြောလိုက်​ရင်ေ​တာ့ မျက်​နှာငယ်​​​လေးလုပ်ပြီး ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့....
နောက်​ကျ သူမဟုတ်​တာ သိပ်​လုပ်​​တာ...

"မောင်လည်းသူ့ကိုထိုင်ခိုင်းဖို့မစဉ်းစားနဲ့...Baekနောက်ဖေးခဏသွားဦးမယ်​"

"အင်း...အင်းပါ Yeobo...သတိထားဦး...​မောင်​ လိုက်​ရဦးမလား?"

"ရတယ်​...."

Baek ​နောက်​​ဖေးခဏသွား​တော့မှာ ဒူး​ထောက်​ထိုင်​ချကာ သမီးငယ်ကို မျက်​နှာချင်းဆိုင်​ လှည့်​လိုက်​သည်​။ ငိုထားတာများ နှာ​ခေါင်း​လေး​တွေ​ရော နှုတ်​ခမ်း​လေး​တွေပါ ရဲပြီး ရှိုက်​​နေ​သေးတာ။ ​ခြေသလုံး ဖြူ ဖြူ လုံးလုံး တုတ်​တုတ်​မှာ အရှိုးရာ ၂ချက်​။ နှာ​​ခေါင်းနား လက်​​တေ့ကာ နှာ​ချေးအသာညှစ်​​ပေးလိုက်​ရင်း ​ချွေး​လေး​တွေပါ တစ်​ရှုးနဲ့ အသာသုတ်​ရသည်​။

Paradise ♥ Where stories live. Discover now