Paradise
Part-7,
ည ၁၂ နာရီကျော်အထိ ပြန်မလာသေးတဲ့ သူ့ကို စိတ်ဆိုးတာထက် စိတ်ပူနေမိတာ....JongIn ပြန်လိုက်ပို့ပေးမယ်ဆိုလို့ တော်သေးတာပေါ့....
ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတုန်း ခြံထဲကို ကားဝင်လာသံကြားတာကြောင့် အပြင်ထွက်ပြီး ကားပေါ်က ဆင်းလာမယ့်သူ့ကို စောင့်နေလိုက်တယ်။....ကားတံခါး၂ခုလုံးပွင့်လာတာကြောင့် ကြည့်လိုက်တော့ မောင်းသူဘက်က ဆင်းလာတာ JongIn...
ကျွန်တော့်ကို လှမ်းကြည့်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြတယ်လေ။...တစ်ဖက်က ဆင်းလာတဲ့ ကိုယ်တော်ချောလေးက သိပ်တော့ မမူးပေမယ့်လို့ ယိုင်တိုင်တိုင်ဖြစ်နေတဲ့ အနေအထား...လက်မောင်းကို တွဲပေးလိုက်တော့ ပုတ်ထုတ်ခံလိုက်ရတယ်။....သူ့ကို မထိနဲ့ ဆိုတဲ့သဘောပေါ့လေ....
ဘာမှမပြောပဲ ယိုင်တိုင်တိုင်နဲ့ အိမ်ထဲဝင်သွားတယ် ကြည့်ဦး...."ကျေးဇူးပါပဲ JongIn aa...."
"ရပါတယ်ကွာ....သူ့ကိုသာ သေချာနားလည်အောင် ရှင်းပြလိုက်...ဒေါသထွက်နေတာရော စိတ်မကောင်းဖြစ်တာရော ပေါင်းပြီး ငိုလို့ မပြီးတော့ဘူး...."
"အေးပါ...သေချာဂရုစိုက်ပြန်ဦးနော်..."
"အေး..အေး..ငါသွားပြီ...."
အပေါ်ထပ်က အခန်းထဲဝင်လာတော့ အကျီ င်္ချွတ်နေတာကြောင့်ရေချိုးမလို့ထင်တယ်။ coat အကျီ င်္လေး လှမ်းယူလိုက်တော့ လက်မှာ တွေ့လိုက်ရတာက သွေးစို့နေတဲ့ ဒဏ်ရာတစ်ချို့....
"မောင်...!! ဒါ ဘာဖြစ်တာလဲ...?"
ဒဏ်ရာရထားတဲ့ ညာဘက်လက်ကို ဆွဲယူပြီးမေးတော့ အကိုင်မခံ။
ဘာတွေများ ဖြစ်လာတာလဲ ?"ငါ့ကို မထိနဲ့..."
ဘာခံစားချက်မှ မပါတဲ့အတိုင်း ပြောပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့ သူ့ ကျောပြင်လေးကို ငေးကြည့်ရင်း မျည်ရည်ကျမိတယ်။...
အခုချိန်က စိတ်ထိခိုက်လွယ် ခံစားလွယ်တဲ့ အချိန်ပဲမလား။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥