Paradise ♥ Part-32

11.3K 894 55
                                    

Paradise

Part-32,

အိမ်​​ပေါ်ထပ်​ ဝရန်​တာက​နေ ခြံထဲကို လှမ်းကြည့်​​နေမိတဲ့ကျွန်​​တော်​။
သမီးငယ်​ငယ်​နဲ့ ​မောင်​က​တော့ လမ်းထိပ်​က ကိတ်​ဆိုင်​ကို ​သွားကြတယ်​။ လမ်း​လျှောက်​တတ်​​နေပြီဖြစ်​တဲ့ Byeol ​လေးက လမ်းသွားရင်​လည်း သူ့Daddy လက်​ညိုးတစ်​​ချောင်းကို မိမိရရ ဆုပ်​ကိုင်​ထားတတ်​​သေးတာ။ သားအဖနှစ်​​ယောက်​ မုန့်​စားဖို့ ​ခေါ်​သော်​လည်း ကိုယ်​က ကိုယ့်​အပူနဲ့ကိုယ်​မို့ မလိုက်နိုင်​။

မောင့်​ကို အ​ရေးတကြီး​ပြောစရာရှိ​နေတာ​ကြောင့်​ပင်​။

ရပ်​ကြည့်​​နေရင်း မကြာလိုက်​ ဖြည်းဖြည်းချင်း တလိမ့်​လိမ့်​ ​လျှောက်​လာတဲ့ သားအဖ​တွေ။ ​မောင်​က အရပ်​ရှည်​ရှည်​ ​ခြေလှမ်းကျဲကျဲ ၊ Byeol ​လေးက လုံးလုံးတုတ်​တုတ်​ ​ဘောလုံး​လေး....လိုက်​လည်းလိုက်​ပါ​ပေတယ်​။  ခြံထဲဝင်​လာပြီး ​အ​ပေါ်ထပ်​က ကျွန်​​တော့်​ကို တာ့တာလှမ်းပြ​နေကြ​သေးတာ...သူ့ Daddy လက်​က တစ်​ဖက၊်​ မုန့်​ထုပ်​​လေးက တစ်​ဖက်​ကိုင်​ထားတာ​ကြောင့်​ တာ့တာပြတဲ့အခါ မုန့်​ထုပ်​ကိုင်​ထားတဲ့ လက်​​လေးနဲ့....​သေချာတယ်​.. .အဲ့ဒါ သူစားဖို့ပဲ ဝယ်​လာတာ​နေမှာ....ချစ်ဖို့​ကောင်းလိုက်​တဲ့ Pa သမီး​လေး။

အိမ်​​အောက်​ဆင်းသွားလိုက်​​တော့ သမီးကို ​ရေတိုက်​​နေတဲ့ ​မောင်​...

"မီးမီး​လေး....Daddy နဲ့ ဘာ​တွေစားလာလဲ ​ပြောပါဦး..?"

ရေ​သောက်​ပြီးတဲ့အခါ လုံးတုတ်​​လေးကို ​​ပွေ့ချီရင်း ​မေးလိုက်​​တော့

"အိုက်​စ်​ခရင်​....အိုက်​စ်​ခရင်​ "

"Wow.....Byeol ​လေးက ​ice cream စားလာတာပဲ...Appa ဖို့​ရော ဝယ်​မလာဘူးလား ?"

" Baek သမီး အကျင့်ပုတ်​လေး​​​​က​တော့ ​ခြေ​ရောလက်​​ရောလန်​တယ်​..."

သူပါ​ရေ​သောက်​ပြီး ​သမီးအ​ကြောင်း ​ပြောလာတယ်​​လေ။
မီးဖို​ချောင်​က​နေ ဧည်​ခန်းထိ ​လျှောက်​ရင်း ခုံမှာဝင်​ထိုင်​ကြကာ...

"ဘာလို့လဲ ​မောင်​...​ပြောပြဦး"

ထိုအခါ ကျွန်​​တော့်​​ပေါင်​​ပေါ်က Byeol ​လေးကို လှမ်းကြည့်​ရင်း...

Paradise ♥ Where stories live. Discover now