Paradise
Part-21,
"ညနေလောက်ဆိုရင် ဆေးရုံဆင်းလို့ရပါပြီ...ဆေးလေးတော့ ပုံမှန်ဝင်အောင်တိုက်ပေးနော်"
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါဆရာ..ကျေးဇူးတင်ပါတယ်နော်"
မနက်ခင်း round လှည့်လာတဲ့ ကလေးအထူးကုဆရာဝန်ကြီးဆီက ဆေးရုံဆင်းလို့ရပြီ လို့ ကြားလိုက်ရမှ တစ်မျိုးလုံး သက်ပြင်းချနိုင်တော့တယ်။ Baek ကတော့ တစ်ညလုံး မအိပ်ပဲ သူ့သမီးကို ထိုင်စောင့်နေတာ...မောင် တစ်လှည့်စောင့်ပါမယ်ဆိုလည်း မဟုတ်။
၂ဖက်မိဘတွေလည်း မနက်တစ်ခေါက် ထပ်လာကြတာကြောင့် လူစုံနေတဲ့ ဆေးရုံခန်းလေး...
Baek က ကျွန်တော် အတင်းစားခိုင်းတဲ့ မနက်စာလေးကို သမီးနဲ့ ဝေးရာခုံမှာ သွားစားနေတယ်။ ဒါတောင် သမီး စိတ်ချရပြီဆိုတော့မှ စားတာ။
သမီးကတော့ သူ့အနှီးထုတ်လေးထဲမှာ ငြိမ်ကာ လက်မလေးကို စုပ်နေတယ်။ သားအဖ၂ယောက်လုံးဟာ တစ်နေရာစီဖြစ်နေတာတောင် အသည်းယားမှုlevel က တစ်ညီတည်း။ဒီပိကျိ၂ယောက်သာ ကျွန်တော့်အနားမှာ မရှိရင် ကျွန်တော် အသက်ဆက်နိုင်ပါဦးမလား?
Mrs Park:" သားလေး..ဒီနေ့ အလုပ်မသွားရဘူးလား?"
သမီးကုတင်ဘေးမှာ ထိုင်ကာ ပိကျိ၂ယောက်ကို အချစ်အလင်္ကာဖွဲ့နေတုန်း ကော်ဖီခွက်လေး လှမ်းပေးကာ စကားစလာတဲ့ မေမေ။
"နေ့လည် ၃ နာရီလောက်ကျရင်တော့ သွားရမယ် မေမေ...တရုတ်က လုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ဖို့ရှိလို့.."
"အေး..အေး...ဒါဆိုလည်း သား အလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့လုပ်...ဆေးရုံဆင်းဖို့က မေမေတို့ရှိတယ်..."
ထိုအချိန် ထိုင်နေတဲ့ ကျွန်တော့်ပုခုံး၂ခုကို ကျော်ကာ ချထားလာတဲ့ လက်သွယ်သွယ်။ သေချာတာတော့ မက်တပ်ရပ်နေတဲ့ Baek ရဲ့ရင်ခွင်ထဲ ကျွန်တော့်ခေါင်း နေရာယူထားမှာ။ ကျွန်တော့်ရင်ဘတ်နားက သူ့လက်လေးကို ကိုင်ကာ လက်ဖမိုးလေးကို နမ်းရှိုက်ရင်း...
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥