Paradise
Part-31,
တစ်နှစ်ကြာပြီးနောက်~~
Baekhyun တစ်ယောက် မနက်စာပြင်ပြီး အခန်းထဲဝင်လာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်နှာမှာ အပြုံးနုနုဖြစ်ထွန်းသွားရတယ်။ အကြောင်းက ကုတင်ပေါ်မှာ Chanyeol ဟာ မှောက်လျက် အိပ်ပျော်နေတာဖြစ်ပြီး သူ့ဘေးက ဝက်ကလေးကလည်း သူ့လို မှောက်လျက်လေးပင်။ မက်မွန်သီးနှစ်ခုအား ထင်ထင်ရှားရှားမြင်နေရတဲ့ အနေအထားကြောင့် သမီးငယ်ငယ်လေးကို အသည်းမယားပဲ မနေနိုင်။
ကုတင်နားထိ လျှောက်သွားလိုက်ရင်း မှောက်လျက် အိပ်ပျော်နေတဲ့ Chanyeol ဘေး ဝင်ထိုင်ကာ နှိုးဖို့လုပ်ရသည်။ ၇ နာရီခွဲနေပြီမို့ ဒီအချိန်မှ မနှိုးရင် အလုပ်သွားဖို့ နောက်ကျတော့မည်လေ။
ဆံပင်လေးတွေ သပ်တင်ပေးရင်း ကားထွက်နေတဲ့ နားရွက်လေးကို ပွတ်ပြီး စနေတော့ အင်း...အဲ လုပ်ပြီး သူ့နားရွက်သူ အုပ်ထားသည်။
ထိုင်နေရာက အရှေ့နည်းနည်းကုန်းလိုက်ကာ လေသံတိုးတိုးဖြင့်..."ထတော့လေ မောင်.... အလုပ်သွားရမှာကို "
မလှုပ်။ ညက အိပ်ရေးပျက်ပြီး ပင်ပန်းထားတာ သူတစ်ယောက်တည်း မဟုတ်ပါပဲနဲ့လေ။
အုပ်ထားတဲ့ သူ့လက်လေးကို အသာဆွဲဖယ်ပြီး နားရွက်ကားကားလေးကို ဆွဲငုံလိုက် လျှာလေးနဲ့ ထိုးလိုက်ဖြင့် ကလိကလိလုပ်လိုက်တဲ့အခါ ဆက်ခနဲ ခေါင်းထောင်လာသူ။ မျက်လုံးကတော့ မပွင့်သေး..."မောင် မထနိုင်ဘူး အချစ်....ဒူးတွေ နာနေတယ် "
အိပ်မှုန်စုတ်ဖွားနဲ့ ဒူးနာတယ် လုပ်နေတဲ့ အဆိုးလေး။
ခေါင်းထောင်ထားရာက သူ့ဘေးထိုင်နေတဲ့ ကျွန်တော့်ပေါင်ပေါ် ခေါင်းတင်လာပြန်ပြီ။ အိပ်ထားလို့ ရှုပ်ထွေးနေတဲ့ သူ့ဆံပင်တွေကို လက်က အသာသပ်ပေးရင်း...."အဲ့ဒါဆို ဘာလို့ ညက မညှာမတာ လုပ်လဲ? အခု မောင်လည်း ပင်ပန်းနေသလို Baek လည်း ဆေးတောင် သောက်ထားရတယ်...တကယ်ပဲ...အိမ်ထောင်သက် ကြာလာလေလေ နှာခေါင်းမီးတောက်လာလေပဲ..." ဟု ဆိုကာ သူ့နှာခေါင်းလေး ဆွဲညှစ်မိတော့ ကျွန်တော့်လက်ကို ဆွဲယူကာ သူ့ခေါင်းပေါ် ပြန်တင်ပေးသည်။ သဘောက ခေါင်းပြန်သပ်ပေးဆိုတဲ့ ပုံစံ။ ဘေးမှာ မှောက်လျက် အိပ်ပျော်နေတဲ့ ဝက်ကလေးကိုမှ အားမနာ ကလေးလုပ်ချင်နေတဲ့ ၂၇ နှစ်အရွယ် ကလေးအဖေ။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥