အခန်း - ၁

14.2K 402 17
                                    

"   Professior ~ သွေးလွန်နေတဲ့လူနာရောက်လာ
တယ်  "

အလုပ်သင်ဆရာဝန်လေး Min Jung စကားကြောင့်
Kyungsoo ဟာ သူ့လက်ထဲက File ကိုဘေးချကာ
အခန်းထဲကနေ အသည်းအသန်ထွက်သွားသည် ။ ထို့
အနောက်မှ Min Jung ဟာ သူ့ဆရာအနောက်ကနေ
ပြာပြာသလဲ လိုက်သွားရတော့သည် …

Good Life ( GL ) Hospital . ဆိုတာ အမတ်
Kim ဖွင့်ထားသော ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်ပြီး . အစိုး
ရဆေးရုံထက်ပင် စက်များနှင့် နည်းပညာပိုင်းတော်သော
Foreign က ဘွဲ့ရ Professior  များစုဝေးနေသော
အစုအဝေးတစ်ခုဖြစ်သည်  ထို့သို့ နာမည်ကြီး ဆရာဝန်
များကို ပိုင်ဆိုင်ထားသော GL ဟာ  ဝန်ဆောင်မှုကောင်း
သလောက် ငွေကုန်ကြေးကျများသော ဆေးရုံတစ်ခုဖြစ်
ပြန်သည် …

ငွေထုပ်မရှိရင် ရေတောင်အလကားမတိုက်သော GL
Hospital ဟာ ဆင်းရဲသားလူတန်းစားတွေအတွက်က
တော့ အနားပင်ဖြတ်လျှောက်လို့မရသော နေရာဖြစ်သည်
သို့ပေမဲ့ Doctor များဟာ အရမ်းကိုထူးချွန်ကာ အခြား
ဆေးရုံက လက်မြှောက်ကာ ကုသလို့မရတော့ဘူးဟုပြော
သော လူနာကိုပင် အကောင်းပကတိ အိမ်ပြန်အောင်လုပ်
နိုင်သော နတ်ဆေးဆရာဝန်များဖြစ်ပေသည် …

GL မှာလုပ်တဲ့ သန့်ရှင်းရေးကအစ လစဉ် တိုက်ခန်းငှား
နေနိုင်တဲ့အစွမ်းရှိပြီး 3 နှစ်အတွင်းကားစီးနိုင်သည် … ဒါ
ပေမဲ့ ငွေဆိုတာ ထိုင်နေရင်တော့ ရောက်မလာပါ … စည်း
ကမ်း ရှိပြီး အရမ်းကိုသင်ယူလိုစိတ်ပြင်းပြတဲ့ လူတွေမှသာ
GL မှာနေရာရပြီး အချိန်တိုင်းနားရက်ယူချင်နေရင်တော့
ထွက်သွားတာအကောင်းဆုံးပင် …

Kyungsoo Operation Room ရှေ့ကို ရောက်
လာတော့ လက်ထောက်ဆေးရုံအုပ်က သူ့အား ခပ်စူး
စူးကြည့်လာသည် … အသက် 35 အရွယ် Mr .Kim
ဟာ သူ့အဖေရဲ့ ဆေးရုံကို အုပ်ချုပ်နေရပေမဲ့ သူသည်
လည်း ဦးနှောက်အထူးကု Professior တစ်ယောက်
ဖြစ်ပြီး သူ့၏ ဇနီး Do Jihun ဟာ Kyungsoo ရဲ့
အမ ဖြစ်ပေမဲ့ Kyungsoo ဟာ ဂုဏ်မော်လှသော သူ့
ယောက်ဖကို တစ်စက်လေးမှ ကြည့်ရှု၍ မရသော်လည်း
လူမှုရေးဆိုတာ လူ့အသိုင်းအဝိုင်းမှာ အရေးပါပြန်သည်

ဒီနေ့ ဆေးရုံမှာ Share ဝင်ထားသော Share ရှင်များ
သည်လည်း လက်ထောက်ဆေးရုံအုပ် Kim Jal Sock
ရဲ့ ဘေးနားမှာ အသီးသီးရပ်နေပုံထောက်ရင် သူ့ခွဲစိတ်မှု
ကို နားမလည်သူများက သြဝါဒပေးဦးမည်ဟု Kyung
soo ဟာတွေးရင်း  သူ့အရှေ့က Share ရှင်များအား

Life & DutyWhere stories live. Discover now