16 - Unicode

780 56 0
                                    

ကလေးယူမယ့်ကိစ္စကို လွန်ခဲ့သော 2ရက် Mrs.Do
ဆီကပြန်လာပြီး Kyungsoo နှင်းပြသနာ ကတောက်
ကစဖြစ်ထဲက Yeol ဟာ ထိုကိစ္စကို ဘာမှမပြောပေမဲ့
သူဟာပုံမှန်ထက်ပို၍ အေးစက်သွားတာတော့သေချာ
သည် … အရင်ကဆို အလုပ်ဆင်းတိုင်း Soo ကိုစောင့်
နေတတ်ပေမဲ့ အခုတော့ Night Duty ဆိုသောအ
ကြောင်းပြချက်ဖြင့်အိမ်ကိုပြန်မလာခဲ့ပါ  ထိုအကြောင်း
ကို Kyungsoo သည်လည်း ဘာကြောင့်လဲဟုမမေး
ပဲနှုတ်ဆိတ်နေခဲ့သည်

သူဖြစ်စေချင်သလို ကလေးယူမည့်ကိစ္စ Yeol ဘာမှ
ဆက်မပြောတာကြောင့် အနည်းငယ်စိတ်ကျေနပ်ရပေမဲ့
အဖတ်ကလည်း သူ့ကိုအရင်လို ဂရုမစိုက်တော့သော
Yeol ကြောင့် စိတ်ဆင်းရဲရပြန်သည် … မည်သို့ပင်
ဖြစ်စေ သူ Yeol ကိုယုံသည် သူတို့နှစ်ယောက်မှာ
ကလေးဆိုသော နှောင်ကြိုးမရှိပေမဲ့ အကောင်းနားလည်
မှုဖြင့်နေထိုင်နိုင်မည်ကို သူယုံကြည်ခဲ့သည် …

လက်ထဲကဆေး File လေးအား Yoon Er ထံ လှမ်း
ပေးရင်း …

"   ရော့ မင်းဆရာ Chen လာရင်ပေးလိုက်   "

"   ဟုတ်ကဲ့ Professior  "

yoon er ဟာ Kyungsoo လက်ထဲက File အား
ယူပြီး အခန်းထဲကထွက်သွားသည် … အရင်ကဆို တည့်
နေသော Doctor နှစ်ယောက်ဟာ အခုတော့များ ဘာ
လို့မခေါ်နိုင် မပြောနိုင်ဖြစ်ကာ ဒီ File လေးတောင်သူမ
အားတစ်ဆင့်ပေးခိုင်းရတာလည်းဟု သူမတွေးနေမိသည်

Kyungsoo တစ်ယောက် Chen နဲ့မျက်နှာချင်းဆိုင်
ရတာ စိတ်စနိုးစနှောက်ဖြစ်တာကြောင့် သူဟာ နားနေခန်း
တောင်သိပ်မသွားဖြစ်ပဲ အခန်းထဲမှာနေလေ့ရှိသည် …
Operation Room ဝင်တဲ့အချိန်နဲ့ အခြားအချိန်များ
တွင်လည်း လူနာများရဲ့ အကြောင်းကလွဲ၍ သိပ်မပြောဖြစ်
ကြပါ ! နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့ရင်တောင် တစ်
ယောက်မဟုတ် တစ်ယောက်ကရှောင်သွားတာများသည်!
ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး အခြား ဆရာဝန်များ
ကလည်း သိပ်မစပ်စုရဲ !!!  ဘာကြောင့်လည်းဆိုတော့
Chen ဆိုသည်မှာလည်း သဘောကောင်းသလောက်
ဒေါသထွက်လာရင် ကြောက်ဖို့ကောင်းလာပြီး Kyung
soo ဆိုရင်တော့မပြောနဲ့တော့ပေါ့  ထို့ကြောင့် သူတို့
ဌာန တစ်ခုရဲ့ ရာသီဥတုအခြေအနေအရ မိုးအုံကာ အေး
စက်နေသည် …

Life & DutyWhere stories live. Discover now