15 - Unicode

854 57 0
                                    

ဒီနေ့ အနီရောင်ပြိုင်ကားလေး GL ဆေးရုံဝင်းထဲဝင်
လာထဲက လူနာများနှင့်တစ်ချို့သော ဆရာဝန်များကပါ
အပြူးအပြဲကြည့်လာကြသည် ။ အဘယ်ကြောင့်ဆိုသော်
Doctor Park တစ်ယောက် Kyungsoo လက်ကို
တွဲထားခြင်းကြောင့်ဖြစ်ပြီး  အတော်များများ GL ကလူ
တွေဟာ သူတို့နှစ်ယောက်လက်ထပ်ထားမှန်းမသိကြပါ

Kyungsoo သူ့ကိုဆွဲထားသော Yeol လက်ကိုဖြုတ်
ချလိုက်ပြီး …

"   Over တွေသိပ်မလုပ်နဲ့   "

"    သိသာသွားလား ? Huk *  "

"    ညနေကျရင် Omma အိမ်သွားမယ် ~ စောစော
လာခဲ့   "

"   အင်း ~ ကိုယ့်ကိုစောင့်နေနော်   "

Kyungsoo ခေါင်းငိမ့်လိုက်ပြီး သူတို့ရဲ့ဌာနဘက်ကို
ထွက်သွားသည် … Yeol ကတော့ Soo သူ့မြင်ကွင်း
ကပျောက်ကွယ်သွားသည်အထိရပ်ကြည့်နေဆဲပဲ .

အလုပ်သရဲလေးအတွက် နောက်ဆို GL ဆိုတာကို သူ
စွန့်လွှတ်ရတော့မည်ပေါ့ … ဘာဖြစ်လို့လဲဆိုတော့ soo
ဟာ တကယ်လို့ကိုယ်ဝန်သာဆောင်ခဲ့ရလို့ရရင် သူ့စိတ်
ဖြင့် အလုပ်ကိုသွားရမှာတောင် ရှက်နေလိမ့်မည် ။ ပြီး
တော့ သူကိုယ်တိုင်က ဆရာဝန်တစ်ယောက်ဆိုတော့
ကလေးအတွက် ပင်ပန်းတာမှန်သမျှသူရှောင်ကျဉ်ရမည်!
ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်အတွက် အားနာမိခဲ့တယ် …
သို့သော် …………

*********************

Jiho တစ်ယောက် သူ့ဆရာရဲ့ကြည်လင်နေသောမျက်
နှာလေးကိုကြည့်ပြီး ကျေနပ်နေရင်း … သူမဟာ မနေ့
ကလေးတင် Yeol ကိုနေမကောင်းလို့ သတင်းသွားမေး
ခဲ့ပေမဲ့ ဒီနေ့တော့ သူ့ဆရာဟာ နေမကောင်းတဲ့လူတစ်
ယောက်နဲ့ကွာခြားစွာ အတော်လေးကို တက်တက်ကြွ
ကြွဖြင့် အရင်နေ့များစွာထက် သဘောပိုကောင်းနေသည်

ညနေ 5နာရီခွဲဆိုတာနဲ့ Yeol အောက်ထပ်က Soo
ရဲ့ဌာနဘက်ကို ရောက်လာတော့ … Kyungsoo
လူနာတစ်ယောက်ကိုကြည့်ပေးနေလို့ နာရီဝက်လောက်
သူ့ခမျာ ထိုင်စောင့်လိုက်ရသည် ! နောက်တော့မှာ
Kyungsoo တစ်ယောက် သူ့ရဲ့အနွေးထည်လေးကို
လက်မှာချိတ်ရင်း လက်ဆွဲအိတ်လေးကိုင်ကာ သူ့ဆီကို
ရောက်လာသည် …

Life & DutyWhere stories live. Discover now