10 - Unicode

931 63 0
                                    

ရေပေါ်ဆိုင်ကယ်ဖြင့် တစ်ညနေလုံး တွေ့သမျှ ကမ်းခြေ
မှန်သမျှကို ပတ်လည်သွားလာနေသော Yeol တို့နှစ်
ယောက်ကတော့ ကင်မရာထဲဓာတ်ပုံပင်ဆန့်ရဲ့လားပင်
မသိတော့ . ဒါတင်မကသေးပဲ ညဘက်စျေးကို သွားကာ
လျှောက်လည်ကြသေးသည် … ပုံစံစုံ ခရုဆွဲကြိုးလေး
များအား ဝယ်ပြီး လည်ပင်းမှာ ဆွဲကာ ဟိုပြေးလိုက် ဒီပြေး
လိုက်ဖြင့် …

"   ညဘက် မီးပန်းဖောက်မလား ?   "

"   တော်ပါပြီ  4 ရက်တောင်နေမှာကို ဖြေးဖြေးပေါ့  "

"   ဒါဆို ညစာအလှည့်လား ?  "

ဒါတော့ ခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံသော Kyung
sooက ခုဏကလေးတင် စျေးမှာတွေ့ခဲ့သော ရေဖဝဲ
အစပ်ကြော် နဲ့ အငွေ့တထောင်းထောင် ပင်လယ်စာ
ဆိုုင်လေးအား  Yeol လက်ကိုဆွဲကာ ခေါ်သွားသည် …
ကမ်းခြေဒေသမှာ အပေါဆုံးကလည်း ပင်လယ်စာဖြစ်
သလို ဆက်လက်မှုအရှိဆုံးက ကျောက်ပုဇွန်တွေဖြစ်
တာကြောင့် Kyungsoo တစ်ယောက် စားချင်သမျှ
အား တန်းဆီ၍ မှာတော့သည် … ဆန်းဆန်းပြားပြား
အကောင်တွေကိုတော့ သူမစားရဲဘူးထင်ပါ့ …

Yeol ဟာ အစဟာ ဂုံးအရှင်လေးတွေမှာမလို့ကို အရှင်
မစားပါဘူး ဆိုသော သခင်လေး Soo ၏ အမိန့်ကြောင့်
ငါးကင်ဘက်ပြောင်းသွားရတော့သည် … ပင်လယ်ရေခူ
ကို အရှင်လိုက် ဆော့ဖြင့်တို့စားနေသော သူများကြောင့်
Kyungsoo  အသည်းတယားဖြင့် … အိကျိအိကျိ
ဂျယ်လီတုံးကြီးဝါးနေရသလိုပင် …

ဘာပဲဖြစ်ဖြစ် အစားတစ်လုတ်အတွက် သူများကို အရှင်
လတ်လတ်ကြီး ဝါးစားဖို့ဆိုတာက ရက်စက်လွန်းလှသည်
Waiter ကောင်လေးလာချသော ကျောက်ပုဇွန်ကြီး
မှာ 1ပေကျော်မျှရှိပြီး နီရဲရဲ ရေဖဝဲ အစပ်ကျော်က အငွေ့
တထောင်းထောင်းဖြင့် ။ ပြီးတော့ ဒေသထွက် ပန်းသီးဝိုင်
အနီရောင်ဆိုသည်ထက် ရှန်ပိန်လို အဝါနုဘက်သန်း
သော ဝိုင်လေး ဖြစ်သည် …

Kyungsoo ကျောက်ပုဇွန်အား လက်ဖြင့်ဆွဲခွာလိုက်
ကာ Yeol ပန်းကန်ထဲထည့်ပေးလိုက် သူစားလိုက်ဖြင့်
ချဉ်ချိုအရသာပြင်းပြပြ ဝိုင်လေးအား သူတို့နှစ်ယောက်
ပြန်တော့ Hotel ကို 3 ပုလင်းဝယ်သွားသေးသည်

Life & DutyWhere stories live. Discover now