အခန်း - ၂၇

2.9K 210 8
                                    

Kyungsoo တို့ GL ရဲ့တံခါးဝအရှေ့ကိုပြန်ရောက်
တော့ မနက်ဝေလီဝေလင်းအချိန်ဖြစ်ပြီး 3:00 လောက်
သာရှိသေးသည် … ဒါကို အမိန့်ကျလာတယ် ဒီနေ့နား
ခွင့်မရှိပဲချက်ချင်းအလုပ်ဝင်ရန်ဖြစ်ပြီး လစာကိုတော့ ဒီလ
အပြည့်ပေးမည်ဟူ၍ ဖြစ်သည် !!!  ဒါကို ဒေါသထွက်သွား
ကြသော ဆရာဝန်တစ်ချို့ကတော့ လုပ်ချင်တာလုပ်ကြ
ဆိုပြီး အထုတ်ဆွဲကာ အိမ်ပြန်ကြသည် !! 

GL ဆိုသည်မှာလည်း တဖြည်းဖြည်းလောဘကြီးသထက်
ကြီးလာပြီး ဆရာဝန်တွေကို စက်ရုပ်များထင်နေသည်လား
မှတ်ရသည် … အကုန်လုံးဟာပိုက်ဆံလိုချင်လို့အလုပ်ဝင်
တာမှန်ပေမဲ့ ဆရာဝန်အတော်များများက မွဲတေနေသူတွေ
တော့မပါဘူး ! ဒီဆေးရုံမဟုတ်လည်း အခြားဆေးရုံမှာ
လုပ်နိုင်တယ် ဒါမှမကျေနပ်ရင် ကိုယ်ပိုင်ဆေးခန်းဖွင့်နိုင်
သည် … သို့ပေမဲ့ GL ရဲ့လစာဟာ အရမ်းကိုမြင့်လွန်း
တယ် ဒါကမက်စရာကောင်းပြီးလိုချင်စရာပဲ !! ဒါပေမဲ့
မာနနဲ့ယှဉ်ပြီးတော့ ဘယ်သူမှတော့အောက်ကျမခံဘူး !!
GL ရဲ့ဒီလိုအချိုးမျိုးနှင့်တော့ ကြာရင်ဆေးရုံမှာ ဆရာဝန်
တောင်ကျန်ပါ့မလား မသေချာပါ …

Yeol ကတော့ Kyungsoo ကိုအိမ်ပြန်ရင်ပြန်ဖို့ပြော
သည် … သို့ပေမဲ့အခုမှ 3:00 သာရှိသေးပြီး အလုပ်
က 9:00 မှတတ်ရမှာလေ  ခဏလောက် လွတ်နေတဲ့လူ
နာခန်းထဲမှာအိပ်လည်းဘာမှမဖြစ်ပါဘူး ဟုဆိုကာ Soo
ကတော့ ဆေးရုံထဲဝင်သွားသည် … ဒါကြောင့် Yeol
ဟာ သူ့တို့အထုတ်တွေကို Car Parking ကသူ့ကား
အနောက်ခန်းထဲထည့်ကာ Soo ရဲ့ ဌာနဘက်ကိုလိုက်
သွားသည် …

"   Chen ! ဒီနေ့မင်းရဲ့ Night Duty လား   "

"   အေး ! ဒီဌာနမှာ Kyungsoo မရှိတော့ငါပဲပတ်
လည်ရိုက်နေတာ   "

"   HAAA  ဒါနဲ့ Honey ကိုတွေ့သေးလား  ?  "

"   အင်း အိပ်ချင်မူးတူးနဲ့ ! Room No. 304 ကိုဝင်
သွားတယ်  … မနေ့ကလေးတင် အဲ့အခန်းကလူနာက
သေသွားတာပါဆိုလည်း ပြောမရဘူး   "

"   ကျေးဇူးပဲ   "

Yeol သည် Room No. 304 ကိုလိုက်သွားသည် …
သူတို့အတွက်လူသေဆိုတာ သိပ်တော့အဆန်းတကျယ်
မဟုတ်တော့ပေမဲ့  သရဲကြောက်တာက ကြောက်တာပဲ !
ဒါပေမဲ့ Kyungsoo ကတော့ သူအိပ်ဖို့အရေးဘာမှဂ
ရုမစိုက်တဲ့ပုံစံပဲ …

Life & DutyWhere stories live. Discover now