8 - Unicode

967 73 1
                                    

" ဆရာ ဟို ~~ ဒါကဆရာ့အတွက် "

Jiho က သူမလက်ထဲက အအေးဗူးလေးအား Yeol
ရဲ့စားပွဲပေါ်တင်ပေးလိုက်ရင်း ထိုစကားအားပြောသည် ...
သူမဒီအအေးကို ဘယ်လောက်ကြိုးစားပြီးဝယ်ခဲ့ရသလဲ
ဆို နာရီဝက်လောက်လမ်းလျှောက်ရသော ဆိုင်အား
တစ်ခေါက်ပိုက်ဆံမပါပဲ သွားဝယ်မိလို့ နှစ်ခေါက်လောက်
အသွားအပြန်ကို လျှာထွက်မတက်လျှောက်လိုက်ရသည်

ရောင်စုံပန်းချီကားလေးလို အရောင်စပ်များဖြင့် အအေး
လေးဟာ လှသလို စျေးကလည်းမခေပါ ... ပြောရရင်
ဒီအအေးထဲမှာ စေသနာအပြည့်ထည့်ထားသည်ပေါ့

" ကျေးဇူးပဲ Jiho ... မနေ့က လူနာအကြောင်း File
ဆရာ့ကို ယူပေးပါလား ? "

" ဟုတ်ကဲ့ ဆရာ "

Jiho ဟာ Yeol ရဲ့လူနာ File တွဲတွေထားတဲ့ မှန်ဘီဒို
လေးအပေါ်က File အားယူကာ ပေးလိုက်ပြီး သူမဟာ
လုပ်စရာမရှိရင် တစ်နေကုန် တစ်နေခန်း Yeol အနားမှာ
ကပ်နေသေးသည်... အခုလည်း ဘေးနားမှာထိုင်ရင်
File ကိုသာ အာရုံစိုက်ကာကြည့်နေသော Yeol ကို
ငေးကြည့်နေသည် ...

" Jiho ဒီအအေးဘယ်ကလဲ ? မဆိုးဘူး "

" အဲ့ဒါက ဟိုး JJ Market နားက Juice Shake
ဆိုင်က "

" အဲ့အထိတောင်သွားဝယ်လာတာလား ? "

Jiho က Yeol စကားကိုကြားတော့ သူမနောက်တစ်
ခေါက်တောင်ပြေးဝယ်ချင်စိတ်ပေါက်လာသည် ...

" ခ်ခ် ဆရာအတွက်ပဲကို "

" ကြိုက်တယ် အဲ့လိုစိတ်ဓာတ်ကိုသဘောကျတယ်
ဆရာကို သိတတ်လွန်းတဲ့ လက်ထောက်ကို ရတာ
တကယ့်ကိုကျေးဇူးတင်စရာပဲ "

Yeol တစ်ယောက်မြောက်စားတိုင်း jiho ကတော့
လေပေါ်ကပင်မဆင်းတော့ ... သူ့ဆရာအတွက်ဆို
အသက်ပင်သေချင်သေ မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ :)

Yeol တစ်ယောက်နာရီကိုကြည့်လိုက်တော့ညနေရုံးဆင်း
ဖို့ကို တစ်နာရီအတိလိုနေသေးသည် ... ဒီညလည်း
Kyungsoo Night Duty ဆင်းရဦးမည်ဖြစ်ခြင်း
ကြောင့် အစားအစာကို သခင်လေးအား ဆက်သရဦး
မည် ။ အစကတော့ သူကိုယ်တိုင်သွားဝယ်မလို့ပဲ ... အခု
တော့ ခိုင်းဖို့လူတွေ့ပြီလေ :)

" Jiho ဒါဆို ဆရာ့ကိုနောက်ထပ်တစ်ခွက်ရယ် ...
ဆေးရုံဘေးနားဆိုင်က ပီဇာ 3ဗူးဝယ်လာပေးလို့ရမ
လား ? ပင်လယ်စာအချိုတစ်ဗူး အစပ်နှစ်ဗူး "

Life & DutyWhere stories live. Discover now