20 - Unicode

860 51 0
                                    

မနက် 8:00 ကျော်လောက် သူတို့ပရဟိတ ဆရာဝန်
အုပ်ကြီးရဲ့ဦးတည်ရာ ရွာသို့ရောက်လာသည် … ရွာလေး
ဟာ အရမ်းကို တိုးတက်မှုနောက်ကျနေပြီး ရွာအမည်ဆိုင်း
ဗုဒ်တောင် မရှိခဲ့ပါ သို့သော် ရွာက အုပ်ချုပ်သူ ရွာလူကြီး
ပြောတာတော့ … ဟန်းဂုရွာ ဟုခေါ်သည်ဆိုပဲ !  ရွာလေး
ဟာ မြေနီလမ်းတွေများပြီး နေရာအနှံအပြားမှာတော့ စပါး
ခင်းတွေ သီးနှံပင်များဖြင့် လက်ညိုးထိုးမလွဲအောင်ပြည့်နေ
သည် … နိုင်ငံအစွန်အဖျားပိုင်းဖြစ်တာကြောင့်ပဲလား မသိ
ပေမဲ့ နွေဘက်ဖြစ်တာတောင် အေးစိမ့်နေပြီး မနက်စော
စောကျထားသော နှင်းများမှာလည်း လမ်းမတွေရဲ့တစ်
ဖက်တစ်ချက်စီမှာတည်ရှိနေသည် …

လူဦးရေ 50 ကျော်သာရှိသော ထိုရွာလေးရဲ့အိမ်များမှာ
သစ်သား ဝါး နှင့် မြက်ရိုင်းများ ရွှံများကိုသာ အများဆုံး
သုံးထားသည် ။  ဒါပေမဲ့ ရွာလူကြီးကတော့ ဆရာဝန်တွေ
တည်းချင်ရင် သူတို့ရွာရဲ့ ပွဲလမ်းသဘင်တွေကျင်းပတဲ့
နေရာမှာ တည်းဟုပြောသည် … ဒါပေမဲ့ သူတို့ရောက်
တော့ ဒီရွာရဲ့အကျယ်ဆုံးအိမ်ဟုလည်းပြောနိုင်သလို
ခန်းမကျယ်ကြီးသည် ပေ20 ပတ်လည်အိမ်လေးဖြစ်ကာ
သူတို့ 12 ယောက် ကားDriver နှင့် ခရီးလမ်းခေါင်း
ဆောင် 2 ယောက်ပေါင်း 15 ယောက်အတွက်တော့ အ
တော်လေးကျဉ်းလွန်းလှသည် … မိန်းကလေးတွေပါတာ
ကြောင့်ရွာက စောင်တွေငှားပြီး သူတို့အတွက် အခန်းတစ်
ခုကြားတွေကန့်ပေးရသေးသည် … ဒါတောင်ကျပ်ပိတ်
သိပ်အောင်အိမ်မည်ဆိုမှ 10 ယောက်လောက်သာဆန့်
ပြီး  15 ယောက်ကတော့ အပြင်မှာ ရွက်ဖျင်တဲဖြင့်အိပ်
ပေါ့ !

Kyungsoo တစ်ယောက်စရောက်ထဲက နေရာ
ဦးခြင်းကြောင့် Min Jung သည်လည်း သူ့ဆရာ
နည်းတူ နေရာလုဦးကာ  သက်သောင့်သက်သာဖြင့်ပေါ့
တကယ်တော့ Kyungsoo ကို သူတို့က အထဲမှာပဲ
နေရာပေးမှာပါ … GL ရဲ့ အမျိုးတစ်ယောက်ကို ဘယ်လို
လုပ်ရွက်ဖျင်တဲဖြင့်အိပ်ခိုင်းရမှာလည်း !  ဒါပေမဲ့ kyung
soo ကနေရာရနှင့်ပြီဖြစ်တာကြောင့်သူတို့ပေးရန်မလို
တော့ပါ …

အဓိက Professior Park ကတော့ အေးအေးဆေး
ဆေးဖြင့် နောက်ဆုံးမှဝင်လာတော့သည် … ဘာဖြစ်လို့
လဲဆိုတော့ သူ့ရဲ့ချစ်လှစွာသော Honey ရဲ့ကောင်းမှု
ဖြင့် ပါသမျှအိတ်မှန်သမျှ ခေါက်တုံ့ခေါက်ပြန်သယ်နေ
ခြင်းကြောင့်ဖြစ်သည် … သစ်သားကြမ်းခင်းဖြင့် ဟော
ခန်းကြီးမှာ တစ်ယောက်နဲ့တစ်ယောက်တိုးဝှေ့နေရာစိတ်
ပျက်စရာကောင်းသည် အဲ့ဒီအစား ရွက်ဖျင်တဲဖြင့်အိပ်တာ
မှ ပိုသက်သာဦးမည်ဟု တွေးကာ  ဒေါင့်ဆုံးမှာ ကျကျနန
နေရာယူထားသော Kyungsoo ကို လှမ်းကြည့်လိုက်
ပြီး  ထိုနေရာသို့သွားလိုက်သည် …

Life & DutyWhere stories live. Discover now