28 - Unicode

774 46 0
                                    

ဒီနေ့ GL မှာ Share ရှင်တွေတွေ့ဆုံပွဲရှိတယ် ! အရင်
Share ရှင်တွေက GL နဲ့အပေါက်အလမ်းမတည့်တော့
လို့စွန့်ခွာသွားကြပြီး GL ဟာအခုအချိန်မှာတော့ ရင်းနှီး
မြုပ်နှံသူတွေလိုအပ်လာခဲ့သည် … ဒီအကြောင်းကိုသိတဲ့
Mr. Park ကသူ့သားရှိတဲ့ဆေးရုံမှာ Share 25%
ထည့်ဝင်ထားပြီး ဒီနေ့တွေ့ဆုံပွဲကိုတက်ရောက်လာခဲ့
သည် ။ ဌာနအသီးသီးက ပါရဂူတွေဟာ အစည်းအဝေး
ခန်းမကျယ်ကြီးထဲမှာ စုရုန်းရောက်ရှိနေပြီး . စင်မြင့်ပေါ်မှာ
တော့ GL တည်ထောင်စဉ်ထဲက ရှိခဲ့သော စီနီယာတွေ
နဲ့ အစုဝင် Share များတဲ့ လူတွေထိုင်နေသည် ။

သူ့ယောက်ဖ Kim Jal Sock ကတော့ အမတ်Kim
ရဲ့ဘေးနားမှာ မျက်နှာမသာမယာဖြင့်ထိုင်နေပြီး တစ်ချက်
တစ်ချက် Kyungsoo အားလှည့်ကြည့်နေသည် …အ
စည်းအဝေးဆိုပေမဲ့ Share ရှင်တွေမိန့်ခွန်းပြောကြား
တာဖြင့်ပိုတူလှပြီး SOO ဟာ ဒီကိုလာမိလို့နောင်တရ
နေသည် …… အရေးထဲ သူ့ယောက္ခထီးကြီးက သူ့အား
မျက်မုန်းကျိုးနေသေးသည် … အဲ့နောက် သူတို့ရဲ့အစီအ
စဉ်ဟာ ဆေးပညာအကြောင်းနှီးနှောဖလှယ်ပွဲအဖြစ်
ပြောင်းသွားကာ အနည်းငယ်စိတ်ဝင်စားစရာကောင်းလာ
ခဲ့သည် …

GL မှာအခုအနောက်တိုင်းဆေးပညာတွင်မကပဲ တိုင်း
ရင်းဆေးပညာ ဌာနပါထည့်သွင်းမည်ဟု အဆိုတင်သွင်းပြီး
အသစ်ရောက်ရှိလာသော တိုင်းရင်းဆေးပါရဂူများအား
မိတ်ဆက်ပေးသည် … တစ်ချို့သောဆရာဝန်တွေကမ
ကျေနပ်ပဲ ထပြန်သွားကြသည်က ရှိသေးတယ် …

ဘာပဲဖြစ်ဖြစ် 3 နာရီလောက်ကုန်ဆုံးပြီးသွားတဲ့အချိန်မှာ
တော့ အစည်းအဝေးဟာ ပြီးဆုံးသွားသည် … အားလုံး
သောလူတွေဟာထိုခန်းမထဲကထွက်သွားကြချိန် SOO
ဟာသူ့ကိုရပ်စောင့်နေသော Mr. Park အား နှုတ်
ဆက်သည့်အနေဖြင့် ဦးညွတ်လိုက်သည်

"    ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ ?  "

"    ငါ့ပတ်ဝန်းကျင်မှာမင်းရှိနေတာ တကယ်စိတ်ရှုပ်ဖို့
ကောင်းတယ်   "

"    Huk * ကျွန်တော့်ပတ်ဝန်းကျင်ကို ဦးလေးရောက်
လာတာမဟုတ်ဘူးလား ?   "

"    မင်းက ငါ့သားရဲ့ကိုယ်ဝန်ကိုလွယ်ပေးမယ်ဆို ~   "

Kyungsooသည် သူ့လက်သီးကိုတင်းကျပ်စွာဆုပ်
လိုက်ပြီး ဒေါသကိုထိန်းချုပ်လိုက်သည် … YEOL ကို
ဒီကိစ္စနဲ့ပတ်သတ်ပြီး သူငြင်းထားပြီးသားလေ  ဒါကိုအ
ကြောင်းပြချက်အနေနဲ့ သူ့အဖေကို ချွေးသိပ်ထားတာ
ဘယ်လောက်စိတ်ပျက်စရာကောင်းပြီး သူ့ရဲ့သိက္ခာဘယ်
လောက်ကျလိုက်လဲ ? အခု Mr Park မျက်လုံးတွေက
သူ့ကိုယောကျ်ားလေးတန်မဲ့ ရွံစရာကောင်းတယ်ဆိုတဲ့အ
ငွေ့အသက်တွေလွှမ်းခြုံနေပြီး သူ့ကိုအောက်ဆုံးဆွဲချ
နေသည် …

Life & DutyWhere stories live. Discover now