အခန်း - ၁၇

3.1K 216 4
                                    

မနက်ခင်း ကျောပိုးအိတ်ကြီးလွယ်ကာ ဆေးရုံရောက်လာ
သော Kyungsoo ကြောင့် Min Jung သည် သူ့
ဆရာဆီကအထုတ်အား နားနေခန်းထဲမှာထားလိုက်ပြီး
ဒါလေးတစ်ထုတ်ထဲလားဟု ပြောနေသေးသည် … ကြည့်
ရတာ Min Jung တစ်ယောက်ကတော့ အိမ်လိုက်ကြီး
မလာမည်တော့ မဟုတ်ပါဘူးနော် ?

Kyungsoo သူ့ Duty Coat အဖြူရောင်ကိုဝတ်
လိုက်ပြီး ဒီနေ့အတွက် မနက်ခင်းကို Min Jung
သူ့စားပွဲပေါ်လာတင်ထားသော ခပ်ခါးခါးကော်ဖီတစ်ခွက်
ဖြင့်စတင်လိုက်သည် … သကြားမပါသော ကော်ဖီ
ဟာ မွှေးသလောက် ခါးသက်လွန်းတယ်  ဒီလိုပဲ အချစ်
တစ်ခုမှာလည်း အမြဲတမ်းတော့ အကောင်းဘက်ကပဲ
ဖြစ်မနေခဲ့ပါ ~~

နေ့ခင်း 11:30 လောက်မှာ ဓာတ်လှေကားရှေ့ရစ်သီ
ရစ်သီလုပ်နေသော သူ့အား ဖြတ်သွားသော လူများက
လှည့်ကြည့်သွားကြသည် … ဟုတ်ပါတယ် သူရပ်နေတာ
15 မိနစ်ကျော်သွားခဲ့ပြီ … သွားရမလား မသွားရဖူးလား
ကြားမှလွန်ဆွဲရင်း  ဓာတ်လှေကားထဲကလူတွေ ထွက်
လိုက်ဝင်လိုက်ကိုလုပ်နေသည်ကို ရပ်ကြည့်နေခဲ့သည် …

အရင်လိုများ သူ့ဆီရောက်လာလေမလား ?

အင်း … အရင်လိုများ ?

HUK * မတွေ့ရတာ 3 ရက်လေးကို ငါဟာ အရူးတစ်
ယောက်လိုပါပဲလား ?

Kyungsoo ဟာ ခပ်ဖွဖွရယ်လိုက်ကာ သူ Yeol ဆီ
သွားမည့်အစီအစဉ်အား မေ့ပစ်ပြီး နားနေခန်းဘက်ကို
ထွက်လာခဲ့သည် … သူဟာ အကျင့်ပါနေတဲ့ကလေးတစ်
ယောက်လို နေ့စဉ်ဖြတ်သန်းမှုထဲ လိုအပ်နေသော လူ
တစ်ယောက်ကို ခဏလောက်တွေ့ခွင့်ကို တမ်းတနေခဲ့
သည် … ဒါကိုအလွမ်းလို့ ခေါ်ပါသလား ?

တစ်နေ့လုံး အဆင်မပြေဖြစ်နေတဲ့ Kyungsoo ကိုဌာန
ကလူတွေက အထူးအဆန်းတစ်ခုလိုကြည့်နေကြပြီး အမြဲ
တမ်း တိကျကာ အမှားမရှိသော Professior တစ်
ယောက်ဟာ ဒီနေ့မှ စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေတာ
ကြသည် … Chen ကတောင် သူ့သူငယ်ချင်းကို မျက်
မှောင်ကုတ်ကာ ကြည့်နေပြီး Operation Room
ထဲမှာ ပြသနာဖြစ်မှာ သူစိုးရိမ်နေတာကြောင့် နောက်ဆုံး
သူ Kyungsoo ကို သွားနားဖို့ပြောကာ ခွဲစိတ်မှုအား
ဆက်လုပ်လိုက်သည် …

ညဘက် Operation အတွက်တော့ Kyungsoo
ဟာ Chen ကိုဒုက္ခမပေးချင်တာကြောင့် သူကိုယ်တိုင်
စိတ်ကိုစုစည်းကာ ဆက်လုပ်လိုက်သည် … 2နာရီကုန်
သွားပြီးတဲ့နောက်မှာ အသည်းအသန် အိမ်ပြန်ပြေးသော
သူဟာ ဒီနေ့မှ ဆောက်တည်ရမရဖြစ်နေလွန်းတယ် …
ကားကို ဒရကြမ်းမောင်းပြီး သူဖြတ်ကျော်ခဲ့သော ပတ်
ဝန်းကျင်အား ဂရုမစိုက်အားခဲ့ပါ … သေချာတာကတော့
ဒီည နှင်းတွေကျနေတယ် ……… လှပတဲ့နှင်းမှုန်တွေ
ဟာ အခုတော့များ အကျည်းတန်လွန်းလှပါသည် …
တစ်ခါတစ်ခါ အလုပ်ရှုပ်အောင် သူ့ကားမှန်ကိုလာပိတ်နေ
တတ်သေးသည် …

Life & DutyWhere stories live. Discover now