အခန်း - ၃၃

3.9K 297 25
                                    

March လရဲ့နွေဦးရာသီအစပိုင်းမှာလွန်ခဲ့သော ဆောင်း
အငွေ့အသက်တွေကြွင်းကျန်ရစ်ခဲ့သော ပန်းနုရောင်ချယ်
ရီတို့သည်မြေခနေခဲ့ပြန်သည် … အချိန်စက်ဝန်းသည် တ
ဖြည်းဖြည်းတိုက်စားလာခဲ့သလို လူတွေရဲ့စိတ်တွေဟာ
လည်းပြောင်းလဲလာခဲ့ပြန်ပါသည် … အခုတော့ Kyung
soo ရဲ့အမေ Mr DoHee သည် Soo ကိုယ်ဝန်လရင့်
လာခြင်းကြောင့် သူတို့အိမ်ကိုမကြာခဏလာနေပေမဲ့
သူမဟာ အခုထိ Yeol အပေါ်အမြင်မကြည်လင်သေးပါ

သို့ပေမဲ့ အခြေအနေအားလုံးတွေ အပြောင်းအလဲကြီး
ဖြစ်နေသည်မှာ Mr Park ဖြစ်ပြီးသူဟာ Kyungsoo
အပေါ်အရင်ကမကောင်းခဲ့သလောက် အခုမူ သူ့သားကို
ဂရုစိုက်ပေးဖို့သာ တဖွဖွပြောနေသည် …

ဗိုက်လေးဟာတဖြည်းဖြည်းပြည့်ပြည့်လေးဖြစ်လာတော့
Kyungsoo ဟာ လူတွေနှင့်မျက်နှာချင်းဆိုင်ရမှာ
သတ္တိမရှိတာကြောင့် အိမ်ထဲမှာတင်ခြေချနေပြီး Ph တစ်
လုံးဖြင့် ဆေးခန်းမှာရှိနေသော Yeol ထံသူလိုချင်တာမှန်
သမျှကို တဂျီဂျီပူဆာတော့သည် …

ဒါကို Papa park ကတော့ အပြေးအလွှားလုပ်ပေးရှာ
ကာ သူ့ကိုယ်တိုင်မှာလည်း ကိုယ်ဝန်သည်ကြီးပမာ Soo
အစားအသောက်ပျက်ရင် သူလည်းဘာမှမစားချင်ပဲ အန်
နေတော့တာပဲ ။ ဒါကို Chen ကတော့ အိမ်လာလို့မြင်
တိုင်း အရမ်းတွေချစ်ပြမနေပါနဲ့ကွာ ဟုပြောတတ်သေး
သည် ………

ကိုယ်ဝန်လရင့်လာလေ ပို၍ ထူးကဲလာသောကြောက်ရွံ
မှုကြောင့် Kyungsoo သည် ဘာမှတာလေးဖြင့်လည်း
ဒေါသထွက် ငိုယိုတက်ပြီး … သူဒေါသထွက်လျှင် အိပ်
ခန်းထဲရှိသမျှပစ္စည်းတွေအပေါ်ဒေါသပုံချတတ်ကာ Yeol
ကိုဆေးခန်းကိုမသွားဖို့ ဆွဲထားတတ်သေးသည် … တစ်
နေ့တစ်နေ့အိမ်ထဲမှာနေရင်း မုန့်လေးဖုတ်လိုက် TV
လေးကြည့်လိုက်ဖြင့် ဒင်းလေသည် TShirt ပွပွကြီးတစ်
ထည်တလွှင့်လွှင့်ဖြင့် ……

YEOL သည် သူ့လက်ထဲကဝယ်လာသော ဂုံးတွေအား
အန်တီyu ဆီလှမ်းပေးလိုက်ကာ အစပ်သိပ်မများဖို့
ပြောလိုက်ပြီးသည်နှင့် အပေါ်ထပ်ကိုတက်သွားသည် …
နေ့ခင်း 2:00 ရှိနေပြီ အပျင်းထူကာ အခုထိ အိပ်ယာထဲ
မှာ အိပ်ရင်း စာအုပ်ဖတ်နေသော Kyungsoo သည်
အဝါရောင် Tshirt အပွကြီးတစ်ထည်ကို ပေါင်လည်
လောက်ရှိသောဘောင်းဘီလေးဖြင့် ရုပ်ပျက်ဆင်းပျက်
အိပ်နေရာမှ အခန်းတံခါးဖွင့်သံကြားတာကြောင့် ထိုနေရာ
သို့ကြည့်လိုက်သည်

Life & DutyWhere stories live. Discover now