အခန်း - ၁၂

3.3K 216 6
                                    

Yeolဟာ ညတွင်းချင်း Airline ဖြင့် Seoul ကိုပြန်
သွားခဲ့သည် … Kyungsoo ကတော့ သူဟာတစ်ည
လုံးအခန်းထဲမှာ ငိုနေခဲ့တယ် … အချစ်ဆိုတာကို အစထဲ
ကရူးရူးမိုက်မိုက်မရွေးခဲ့ရင် ဒီလိုဖြစ်မနေဘူးဆိုတာကို
တွေးမိတိုင်း နောင်တ တရားတွေဟာ ကပ်ပါလာသည် …

သူတို့လက်ထပ်တုန်းက ကိုယ်အရာအားလုံးနားလည်ပေး
နိုင်ပါတဲ့ ကတိစကားတစ်လုံးကိုပေးခဲ့တဲ့ Yeol ကိုဘယ်
လောက်အထိ ယုံစားခဲ့လဲ ? အဲ့ယုံစားမှုကို 6 နှစ်လုံး
အဆက်အသွယ်ဖျက်ပြီး သတ်သေပြခဲ့တာ တကယ့်ကို
စိတ်နာစရာကောင်းပေမဲ့ သူထပ်ပြီးသည်းခံခဲ့တယ် !!

ခဏခဏ အသစ်ကပြန်စပါတော့ဆိုတဲ့ အမေတစ်ယောက်
ရဲ့စကားတောင်လွန်ဆန်ပြီး သူမျော်လင့်ကြည့်ခဲ့တယ် …
သူသိသည် Omma ဟာ သူ့ကိုစိတ်ပျက်နေမှန်း သူသိ
ပေမဲ့ သူနောက်ထပ်လူတစ်ယောက်ကို ထပ်မရွေးချင်ပါ…

ဒါကို စာလေးတစ်စောင်ရောက်လေမလားဆိုပြီး 6 နှစ်တာ
လုံး Ph ကဒ်တစ်ခုထဲသုံးနေခဲ့တဲ့ သူဟာပဲ ရူးနေခဲ့
သလား ? နေ့စဉ်နေ့တိုင်း Message Box ထဲဝင်
ကြည့်ရတာ အကျင့်တစ်ခုလိုဖြစ်နေခဲ့တယ် … Yeol
အဖေကသူ့ကိုပြောတယ် ငါ့သားကမင်းကိုစိတ်ပျက်ပြီး
ထွက်သွားတာဖြစ်မယ်တဲ့ ဒါကြောင့် ကွာရှင်းပေးပါတဲ့လေ
Huk *

Darling ကသူ့ကိုမှီခိုပါတဲ့ HAAAA …… $ ရမ်း
ရယ်ရတာပဲ !! ဘယ်မှာလဲ သူမှီခိုရမဲ့လူ ? ဘယ်မှာလဲ
သူအရမ်းတောင်းတနေရတဲ့ နားလည်မှုတွေ .…
ဘယ်မှာလဲ သူ့ကိုကာကွယ်ပေးမဲ့လူ ?
Do Kyungsoo သာဒီလိုမဖြစ်လာရင် လက်ထပ်ပွဲဆို
တာဖြစ်လာမှာမဟုတ်သလို အခုအချိန်မှာ သူသည်လည်း
Park မျိုးရိုးရဲ့ အနှိမ်ခံလူတစ်ယောက်ဖြစ်နေလိမ့်မည်

ဟုတ်တယ် သူဟာသိပ်တော်တယ် … Darlingထက်
တောင်တော်သေးတယ်  ဒါကို Darling က မနာလိုနေ
တာလား ? Darling အောက်မှာအမြဲအိပ်နေရတဲ့
ကောင်က ပိုတော်နေလို့ တုန်လှုပ်နေတာလား ? သိပ်
သနားဖို့ကောင်းတာပဲ !!! ဒါပေမဲ့ Darling မေ့နေတာ
ရှိတယ် Do Kyungsoo က ဟိုးအရင်ကလို အချစ်ပဲ
သိပြီး ကိုယ်ချစ်တဲ့လူအတွက် မိုက်ရူးရဲဆန်ခဲ့တဲ့ လူငယ်
တစ်ယောက်မဟုတ်တော့ဘူးဆိုတာပဲ …

************

Soo ဟာ ကယ်လီဖိုးနီယားကပြန်လာပြီးထဲက ဆေးရုံ
မှာပဲကျောက်ချနေခဲ့တာ 3 ရက်ရှိခဲ့ပြီ သူဟာနေ့နဲ့ည
မသိတော့တဲ့လူတစ်ယောက်လို အလုပ်တွေကိုအဆက်မ
ပျက်လုပ်နေတာကြောင့် Min Jung နဲ့ Chen ဟာ
နားဖို့ပြောသော်လည်း သူကတော့ ဘာမှပြန်ပြောခြင်းပင်
မရှိပဲ  လစ်လျူရှုလျက်ပင် …

Life & DutyWhere stories live. Discover now