23 - Unicode

797 53 0
                                    

ည 9:00 ကျော်နေပြီအခုထိ မအိပ်သေးပဲ မီးပုံအနားမှာ
စကားဘောင်ဖွဲ့နေသူများအား Kyungsoo မေတ္တာ
ပို့လျက် ကားပေါ်က ခေါက်ဆွဲထုတ်လေးများအား
သံယောစဉ်အမျှင်တန်းနေသည် …  Yeol ၏ စနက်ဖြင့်
သူတို့ရွက်ဖျင်တဲလေးဟာ အခြားရွက်ဖျင်တဲတွေရဲ့ အဝေး
တစ်နေရာမှာတည်ရှိနေပြီး  မီးပုံအသေးလေးတစ်ခုပါထပ်
ပြီး ပြုလုပ်ထားသေးသည် … တဲက အမိုးကိုလိပ်တင်ပြီး
နှစ်ယောက်သား အတွေးကိုယ်စီဖြင့် ထိုင်နေကြကာ

Kyungsoo ကတော့ခေါက်ဆွဲပြုတ်ခိုးစားမည့်အ
ကြောင်းတွေးနေပြီး … Yeol ကတော့ မီးပုံအနား ဆရာ
ဝန်အုပ်ကြီးထဲက Kyungsoo ကိုလှမ်းကြည့်နေသော
Jongin ကို စိုက်ကြည့်နေသည် … ထိုလူသည် ဘယ်
နယ့်ကြောင့် သူတစ်ယောက်လုံးဘေးနားရှိနေတာကို
အခုလို မျက်နှာပျောင်တိုက်ကာ ကြည့်နေရတာလဲ :?

ဒါကြောင့် Yeol ဟာ တမင် Kyungsoo ရဲ့ပခုံးကို
ဖက်လိုက်သည် … ဒါကိုဘာကိုမသိသော Kyungsoo
တစ်ယောက်ကတော့ အလိုက်သင့် yeol ပခုံးပေါ်မှာ
ခေါင်းလေးမှီရင်း  ……

"   ဘာလို့ဒီလူတွေမအိပ်သေးတာလဲ ? TT   "

"   Honey … ကိုယ့်ကိုနမ်း   "

"   ဟမ် ?   "

Kyungsoo တစ်ယောက်ကတော့ သူ့ခေါင်းလေး
စောင်းကာ Yeol ကိုဘာဖြစ်တာလဲဟူသော အကြည့်မျိုး
ဖြင့်ကြည့်ကာ  သူနဲ့ခပ်လှမ်းလှမ်းက ဆူညံနေသော
လူသားများအား တစ်ချက်ကြည့်လိုက်သည် … အကုန်
လုံးဟာ သူ့ဟာသူတောင်မအားလပ်ပဲ တစ်သက်လုံး အ
နေလို့အခုမှ စကားပြောရသော လူများကဲ့သို့ ပြောနေကြ
သောကြောင့် … Kyungsoo သည် Yeol ရဲ့ပါးအား
လစ်ခနဲနမ်းလိုက်ပြီး ပခုံးပေါ်ပြန်မှီလိုက်ကာ အနားက
စောင်လေးခြုံလိုက်သည် …

ဒီအဖြစ်အပျက်အားလုံးကို Yeol ဟာကျေနပ်စွာဖြင့် သူ့
တို့နှစ်ယောက်အား ကြည့်နေသော Jongin ကို
နတ်ဆိုးအပြုံးမျိုးဖြင့်ပြုံးပြလိုက်ပြီး Soo ကို ပိုပြီးတင်း
ကျပ်စွာ ပွေ့ဖက်လိုက်သည်တဲ့ … ဒါတောင် ဘာမှမဖြစ်
သလို သူ့အား ခပ်ရွဲ့ရွဲ့ပြုံးပြနေသော ဒင်းအား Yeol
တစ်ယောက်အနားက ထင်းချောင်းဖြင့် ကောက်ပေါက်
ချင်စိတ်တောင်ပေါက်လာသည် …

Life & DutyWhere stories live. Discover now