22 - Unicode

904 56 2
                                    

နှင်းမှုန်လေးတွေတဖွဲဖွဲကျနေကာ နီးစပ်ရာ စပါးခင်းတွေ
ပေါ်မှာတောင် နှင်းမှုန်တွေတင်ပြီး တစ်နေရာနှင့်တစ်နေရာ
တောင် နှင်းမကွဲသေးတာကြောင့် မြင်ဖို့ခဲယဉ်းနေသည်
ညက အရှိန်မသေသေးသော ထင်းမီးပုံလေး ရဲ့ဘေးမှာ
နှစ်ယောက်သားထိုင်နေရင်း တကယ်ပဲ Seoul ကိုလွမ်း
လို့ ရူးတော့မည် … အေးရင် အပူနွေးစက်လည်းမရှိသလို
အိပ်စရာကလည်း ခက်ခဲလှသည် …ပြီးတော့ အရင်ထဲ
က လူများတာ သဘောမကျတဲ့ Kyungsoo အတွက်
ကတော့ အခုအခြေအနေကို အတော်လေးစိတ်ပျက်စေ
သည် …

"   Darling ရှိနေလို့ပေါ့   မဟုတ်ရင် ငါတစ်ယောက်
ထဲအဆင်မပြေဘူး   "

"   ကိုယ့်တန်ဖိုးတွေ အခုမှသိတာလား   "

"    ဟွန်း …:/  "

"    Huk *  "

Yeol သည်ခပ်ဖွဖွရယ်ကာ သူ့လည်ပင်းက အနက်ရောင်
သိုးမွှေးမာဖလာအား Kyungsoo ရဲ့မျက်နှာတစ်ဝက်ဖုံး
သည်အထိ လည်ပင်းတစ်ခုလုံးကိုစည်းနှောင်ပေးလိုက်
သည် … များမကြာမီအချိန်အတွင်း ပေါင်မုန့်ထုတ်လေး
ကိုင်ကာ ရောက်ချလာသော Jiho သည် Yeol ဘေး
နားမှာဒူးလေးတုတ်ကာ ထိုင်းရင်း သူမလက်ဖဝါးတွေကို
အရှေ့ကမီးပုံတွင် အပူငွေ့ခံနေသည် …

"   ဆရာ ကျွန်မ ဆေးပစ္စည်းတွေအကုန်စီစဉ်ပြီးပြီ    "

"    ကျေးဇူးပဲ Jiho   "

"    ခ်ခ်   ရပါတယ် ဆရာကလည်း    "

နွေးသည်  မီးပုံဘေးနားနေရသည်ထက် Yeol ဘေးနား
နေရတာပိုနွေးနေသည်လား ? အနားက Pro : Do
လို အနားကိုပိုကပ်ချင်သော်လည်း သူမ မိန်းကလေးတစ်
ယောက်ဆိုတာကို သတိပေးနေသည် ။ ဘာပဲဖြစ်ဖြစ် တစ်
ချိန်တော့ ဆရာဟာ သူမဘေးနားရှိနေတာကို မြင်လာမှာ
ပါ …

Jiho သည် သူမလက်ထဲကပေါင်မုန့်အား မပြီးနိုင်မစီး
နိုင်တမြုတ်မြုတ်စားနေသည် ။ ပြီးတော့ မသိမသာလေး
Yeol အနားကို ကပ်နေရင်း တစ်ယောက်ထဲ အရူးတစ်
ယောက်လိုပြုံးနေပေမဲ့  Yeol ကတော့ သူမအားဂရုမ
စိုက်ပဲ Kyungsoo နှင့်သာ စကားပြောခဲ့သည် ။

မနက် 6:00 စွန်းစွန်းမှာ ဒီရွာက လူနာများရောက်လာ
ကြသည် ။ အမှန်တကယ်ရောဂါဖြစ်တဲ့လူနည်းပေမဲ့ …
ဆရာဝန်တွေလာတုန်း သူတို့ရဲ့ခန္ဓာကိုယ်ကို Check
လုပ်ဖို့ လာကြသူများကများသည် … အတော်များများ
ဟာ မျက်စိရောဂါ မျက်စီမှုန် ဖြစ်တာများပြီး နှလုံးရောဂါ
ကတော့ ဒုတိယ အများဆုံးပင် ပြီးနောက် ဆီးချိုသွေးချို
ခေါင်းကိုက် ဖျားနာ … ရွာခံကလူတွေမကပဲ အခြားရွာက
လူများဟာ တဖြည်းဖြည်းအရမ်းများလားခဲ့တာကြောင့်
အခြားရွာတွေကို တစ်ရွာခြင်းစီ တစ်ရက်စီလာဖို့ပြောကာ
့ပြန်လွှတ်လိုက်ရတော့သည် …  တစ်ခါထဲမျက်စိခွဲစိတ်
ခြင်းတွေအတွက် အတော်လေးအလုပ်များလှသော
မျက်စီပါရဂူတစ်ယောက်ကတော့ သူ့လက်ထောက်ဖြင့်
ချာလပတ်ကိုယမ်းနေတာပဲ … သို့ပေမဲ့ Kyungsoo
ကတော့ အေးဆေးနိုင်လှကာ တစ်ယောက်ထဲယောက်
ယက်ခက်နေသော လူအား ကြည့်နေသည် …

Life & DutyWhere stories live. Discover now