2 - Unicode

1.3K 82 0
                                    

"   ဒီနေ့ Chanyeol GL ကိုအလုပ်စဝင်တယ်တဲ့
သူနာပြုတွေ အုံ့အုံ့ကြွတ်ကြွတ်ဖြစ်နေတာပဲ !!!
Doctor Park ကဘယ်လောက်အထိ တော်ကြောင်း
တွေကို နေရာအနှံမကြားချင်မှအဆုံးပဲ   "

နားနေခန်းထဲအထိ Yeol အကြောင်းသာ ပြောနေသော
Chen ကြောင့် Kyungsoo စိတ်ပျက်လာသည် ! ဒါ
ကြောင့်သူဟာ Chen ကိုမသိချင်ယောင်ဆောင်ကာ
ထမင်းဗူးလေးအားဆက်လက်၍စားနေလိုက်သည် …

"   မင်း Chanyeol နဲ့တွေ့ပြီးပြီလား ?   "

မင်းဘိုးတော်က ငါ့အိမ်ပေါ်မှာဟ !!!

Chen ဆိုသည်မှာ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး
သူငယ်ချင်းဖြစ်သလို မြားနတ်မောင်လည်းဖြစ်ပြန်သည်
အရင်ကတော့ Kyungsoo ဟာ Chen ကို ကျေးဇူး
တင်ရင်တင်နေလိမ့်မည် အခုတော့ Chen မျက်နှာမြင်
တိုင်း ထမင်းတောင်မြိုမကျတော့ဘူး !!! ဒီကောင်သာမ
မွှေခဲ့ရင် သူအခုလောက်ဆို ကလေးရပြီး ကိုယ့်မိန်းမ နဲ့
ကိုယ့်ဘာသာ သာယာနေလောက်ပြီ :)   ဘဝမှာ ပြန်ပြင်
ခွင့်ရမည်ဆိုပါက သူ့ဘဝအတွက် အမည်းစက်ဖြစ်နေ
သော Park Chanyeol ဆိုသော နာမည်အား အပြီး
တိုင်ဖျက်ပစ်မည်ဖြစ်သည် …

"   မင်းသူ့ကိုစိတ်နာနေတာလား ? Chanyeol လည်း
သူ့အကြောင်းနဲ့သူရှိမှာပါကွာ   "

$ ပို :)  သူ့အကြောင်းနဲ့သူ !  အေးပေါ့ သူ့အကြောင်းက
ငါ့ကို ဂရုမစိုက်ပဲ သူလုပ်ချင်တာပဲလုပ်ပြီး  အချိန်တိုင်းအ
ရွဲ့တိုက်နေတာလေ !!  သူ့အကြောင်း ? Huk *

Kyungsoo ဟာသူ့လက်ထဲက ဇွန်းအားပစ်ချလိုက်
ကာ ……

"   မင်းပါးစပ်ပိတ်မလား ? ငါအပ်နဲ့ချုပ်ပေးရမလား ?  "

အဲ့တော့မှ အသံတိတ်သွားသော Chen ကပြုံးစိစိဖြင့်
သူ့ထမင်းသာဆက်စားနေတော့သည် !!  တကယ်ဆို
သူသည်လည်း Chanyeol ကို မကျေနပ်ပေမဲ့ အခုလို
သူကိုယ်တိုင် စေ့စပ်ကြောင်းလမ်းပေးထားတဲ့အတွဲလေး
အဆင်မပြေတော့ သူ့အပစ်လိုခံစားနေရကာ ပြန်ပြီးအ
ဆင်ပြေစေချင်သည် …

Chanyeol ဆိုသည်မှာ အရင်ကဆို ကျောင်းမှာ King
King တောင်မှ အကောင်ကြီးကြီး အမှီးရှည်ရှည် King
ဖြစ်ပြီး သူတို့တက်တဲ့ ကျောင်းတောင် သူ့အဖေကပိုင်
ဆိုင်ခဲ့ပြီး … Mr.Park က အရမ်းကို အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလောက် Yeol
အမေက နှလုံးခွဲစိတ်ပါရဂူဖြစ်သည် … ဒီတော့ Park
Chanyeol တို့ခြေထောက်မြေကြီးမထိတာ မဆန်းပါ
ဘူး !! အဲ့တာထက် သူကိုယ်တိုင်ကပါ နှလုံးခွဲစိတ်ပါရဂူ
တစ်ယောက်ဖြစ်တော့ လိုက်ဖမ်းလို့ပင်မရတော့ပါ …
ဒါတောင် သူတို့နှစ်ယောက်လက်ထပ်တဲ့အချိန် Yeol
တစ်ယောက် နိုင်ငံခြားက ဘွဲ့တောင်မယူရသေးဘူး !

Life & DutyWhere stories live. Discover now