11 - Unicode

884 64 0
                                    

4 ရက်ကြာသွားတဲ့အချိန် … အရမ်းလှတဲ့ ကယ်လီဖိုးနီး
ယားကမ်းခြေတောင် ညီးငွေ့ဖွယ်ကောင်းလာသည် …
သုံးရက်နီးပါး လျောက်လည်လိုက်ပြီးတဲ့နောက်မှာ ဘယ်မှ
မသွားချင်တော့ပဲ Hotel မှာပဲ ဟိုဟာလေး မှာစားလိုက်
ဒီဟာလေးမှာစားလိုက်ဖြင့်သာ အချိန်ကုန်ရင်း နှစ်
ယောက်သား အနည်းငယ်ဝလာတာတော့ကျိမ်းသေလျက်
ရှိသည် …

သူတို့အိမ်မဟုတ်တာကြောင့် Hotel အခန်းအားသန့်
ရှင်းရေးပင်မလုပ်သော Professior ကြီးနှစ်ယောက်
၏ အခန်းသည်  တကယ့်ကို ရှုပ်ပွလျက် အဝတ်များလည်း
ဟိုတစ်စ ဒီတစ်စဖြင့် … နေချင်သလို နေနေကျသော
ထိုနှစ်ယောက်အခန်းထဲကိုဝင်လာပါက ပထမဆုံးတွေ့ရ
မည်မှာ ဝိုင်ပုလင်းခွံများဖြစ်ပြီး နောက်ပိုင်းဆက်တွေ့ရ
မည်မှာ ကြေမွကာ ပျံ့ကျဲနေသော အဝတ်အစားအစား
များဖြစ်သည် … ဒီထက်အတွင်းကျကျသိချင်လို့ အိပ်
ခန်းထဲဝင်ကြည့်ရင်တော့ အရောင်စုံလှသော Condom
ခွံများ ??? ထားပါ ဒါကတော့ :)

အာလူးကြော်ထုတ်ကြီးကို ပေါင်ပေါ်တင်ကာ တစ်ခုပြီး
တစ်ခုစားနေသော Kyungsoo သည် … သူ့အရှေ့က
ဦးနှောက်သွေးပြန်ကျောခွဲစိတ်မှုတစ်ခုအား ကြည့်နေ
သည် . သူပြန်ရောက်ရင် ပြုလုပ်ရမည့် Plan များကို
စဉ်းစားကြည့်လိုက်ရင် Korea ကိုချက်ချင်းပြန်ချင်လာ
သည်အထိ ပခုံးပေါ်ကတာဝန်များမှာ သူ့ကို ဝန်လေးစေ
သည် … ဒါကတော့ Chanyeol လည်းအတူတူပင်
ဖြစ်လေသည် … သူတို့နှစ်ယောက်ခမျာ သေရင်တောင်
ကျွတ်ပါ့မလား ?

Yeol ဟာ Kyungsoo အရှေ့က ခုံလေးမှာ သစ်သီး
ဖျော်ရည်တစ်ခွက်ကိုတင်လိုက်ပြီး … အရှေ့က Video
အားအကဲခပ်လိုက်သည် …

"   အလုပ်တွေသယ်လာတာလား ?  "

"   အလုပ်တွေသယ်လာတာမဟုတ်ဘူး အလုပ်တွေက
လိုက်လာတာ … ဆေးရုံရောက်ရင် ကြည့်စရာလူနာတွေ
ကအများကြီးပဲ ဒါတောင် Chen က ကူညီပေးထားသေး
လို့ တော်သေးတယ်  TT  "

"   ဟုတ်ပါပြီ … မနက်ဖြန်မနက်ပြန်မယ်   "

"   အင်း ~  "

ဒီနေ့မိုးကောင်းကင်ကြီးသည်လည်း သူတို့နှစ်ယောက်ရဲ့
စိတ်တွေလိုမှိုင်းညိုညိုဆန်နေသည် … အလုပ်မလုပ်တာ
ကြာတော့ အပျင်းကျောဆွဲနေပုံကတော့ ကျောင်းရက်
ဆက်ပိတ်လို့ ကျောင်းမတတ်ချင်တော့တဲ့ ကလေးတစ်
ယောက်လိုပဲ … ပင်လယ်ပြင်ရဲ့အနံ့အသက်တွေပြည့်နေ
သော လေညှင်းတွေဟာ Yeol ရဲ့ ရှုပ်ပွပွနီညိုရောင်ဆံ
ပင်တွေကိုဖြတ်တိုက်သွားသည် … ဆံပင်တောင်မဖြီးနိုင်
သော Doctor Park ၏ ပုံစံသည် တကယ့်အိမ်တွင်း
အောင်းနေတဲ့ ကြွက်လေးတစ်ကောင်လိုပင်  သူဟာ
Kyungsoo လက်ထဲက အာလူးကြော်ထုတ်အား
ကလေးဆန်ဆန် လုစားနေသည် … ဒါကိုလူကြီးဆန်လှ
သော Kyungsoo ကပြန်လုကာ သူ့ဖက်ထားသော
ခေါင်းအုံးအောက်ဖွတ်ကာ သိမ်းထားလိုက်ပြီး သူဟာ ကပ်
စေးနည်းစွာ တစ်ခုခြင်းဆီယူစားနေသည် …

Life & DutyWhere stories live. Discover now