အခန်း - ၁၉

3.3K 255 20
                                    

မနက် 5:30 လောက်ရောက်တော့ Jiho သည်နိုးလာ
ကာ သူမဆရာရှိတဲ့အနောက်ကိုဘက်ကိုလှမ်းကြည့်လိုက်
တော့ Yeol သည်အိပ်ပျော်နေပြီး ဘေးနားက Kyung
soo ကိုတော့သူမမမြင်ရပါ ! ထို့ကြောင့် jiho ဟာ
သူမဆရာအိပ်နေတာကြောင့် မနိုးပဲနေလိုက်သည် …

မနက်အာရုံတက်အချိန် အလင်းရောင်ဖျဖျလေးကြောင့်
ကားသွားနေသော သစ်တောလမ်းလေးအားမြင်နေရ
သည် … တောင်တက်တောင်ဆင်း အကွေ့အကောက်
လမ်းများ၏ တစ်ဖက်တွင်ချောက်တွေရှိပြီး တစ်ဖက်တွင်
တော့ တောင်နံရံရှိသည် … နှင်းမှုန်တွေခပ်ဖျဖျကြောင့်
အရှေ့ဘက်မျက်နှာစာအားသိပ်မမြင်ရတာကြောင့် နှင်းကွဲ
မီးလုံးကြီး ထွန်းကာမောင်းနှင်နေသော သူမတို့ကားလေး
သည် အန္တာရယ် လမ်းကြားတွင် နှေးတုံ့နှေးတုံ့ဖြင့် ဒီလို
ပုံစံကြည့်ရတာတော့ သွားမည့်ရွာမယ်ဆို 9:00 ကျော်
လောက်မှဖြစ်လိမ့်မည် … ထို့ကြောင့် Jiho ဟာ မျက်နှာ
ကို ပါလာသမျှ အလှကုန်များဖြင့် ဆေးကျောဖီးလိမ်းပြီး
မှ သူမဆရာကို လှလှပပလေး ပါလာတဲ့မနက်စာသွားပေး
မည်ပေါ့ ။

သူမဟာ မိတ်ကပ်မလိမ်းတတ်သော မိန်းကလေးများတွင်
တစ်ယောက်အပါအဝင်ဖြစ်ပြီး သူမအလှပြင်တယ်ဆိုတာ
cushion လေးဟိုပွတ်ဒီပွတ်နှင့် ပန်းနုရောင်နှုတ်ခမ်း
နီလေးဆိုးရုံမျှသာ … အပစ်ကင်းကာ ရယ်လိုက်ရင် မျက်
လုံးပိတ်သွားတက်သော ထိုမိန်းကလေးသည် မုန့်ပေးဖို့
တောင်အတော်လေးစိတ်လှုပ်ရှားနေသည့်ပုံပေါ်လှသည်!
သူမဟာ Yeol ရဲ့မနက်ခင်း အိပ်ရာနိုးနေတဲ့ပုံစံလေးကို
မြင်ရတော့မည်မို့ ဆန္ဒတွေစောနေခဲ့သည် ။ သို့သော်
သူမလှည့်ကြည့်လိုက်တိုင်း Yeol ဟာ အိပ်နေဆဲပဲ ……

လွယ်အိတ်ထဲက ပေါင်မုန့်နဲ့ကော်ဖီဗူးလေး ကိုင်ကာ
အနောက်ကိုလှည့်ကြည့်လိုက် လှည့်ကြည့်လိုက်လုပ်နေ
သော သူမ ကို ဘာဖြစ်နေတာလဲဆိုသော အကြည့်နဲ့
ကြည့်နေသူကတော့ Min Jung:) ယောက်ျားလေးများ
အိပ်ယာထအလှအစစ်ကို ထုတ်ဖော်ပြသထားသူ Min
Jung ကတော့ ထူပိန်းနေသော စောင်ကြီးကို ခေါင်းအ
ထိခြုံကာ ဖောင်းအစ်နေသော မျက်လုံးများဖြင့် သူ့မျက်စိ
ရှေ့ကနေ မရိုးမရွဖြစ်နေသော Jiho အား မှေးစင်းသော
မျက်လုံးများဖြင့်ကြည့်နေသည် …  နောက်တော့သူလည်း
မနေနိုင်စွာ အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်

Life & DutyWhere stories live. Discover now