အခန်း - ၇

4.1K 246 8
                                    

"   ဒီနေ့ဆရာက အရမ်းချောတာပဲ TT  ~  သူကလေ
ငါ့ကိုအရမ်းဂရုစိုက်ပြီး အရမ်းကို Perfect ဖြစ်လွန်း
တယ် တစ်ချိန်ငါလည်း ဆရာ့လို Professior တစ်
ယောက်ဖြစ်လာရမယ်   "

Jiho ဟာ Yeol အကြောင်းကို သူမရဲ့ သူငယ်ချင်းအား
စမြုတ်ပြန်ကာ ပြောပြနေသည် … နားချိန်ကို ဆေးရုံအ
ပေါ်ဆုံးထပ်က လေဟာပြင်က ခုံတန်းလေးမှာ ထိုင်ရင်း
သူမ သူငယ်ချင်းကို ထိုကဲ့သို့ Yeol အကြောင်းပြောရ
တာလည်း သူမ၏ အလုပ်တစ်ခုပင် …

Senior Love တစ်ခုကို အရူးအမူးဖြစ်နေသော Jiho
ရဲ့တတွတ်တွတ်စကားကြောင့် Kyungsoo ဟာ စိတ်
ရှုပ်လို့ ထိုနေရာလာပါတယ်ဆိုမှ ပိုဆိုးနေခြင်းကြောင့်
ထိုသာလိကာ မလေးနှင့် သူမရဲ့ အပေါင်းအဖော်အား
ကြည့်ပြီး ထိုနေရာကနေ ထွက်သွားသည် …
အလုပ်သင်ဆရာဝန်မလေးတွေ Professior တွေနဲ့
အများဆုံးညားကုန်တာ မဆန်းပါဘူး … သူတို့ကို က
ကြိုးစားမယ်မရှိဘူး အားနေ ထိုအကြောင်းပဲပြောကြ
သည် …

Kyungsoo တစ်ယောက်နောက်တစ်နာရီဆို ခွဲခန်း
ဝင်ဖို့အရေး ဘယ်မှမသွားတော့ဖို့ဆုံးဖြတ်ကာ သူ့အခန်း
ကိုသာပြန်လာခဲ့သည် …

ကျွီ ,

"  Noona ?  ဒီအထိဘာလာလုပ်တာလဲ ?  "

Kyungsoo အမဟာ ကလေးဆရာဝန်တစ်ယောက်
ဖြစ်ကာ သူမရဲ့ဌာနဖြင့် Soo တို့ဌာနဟာ အလှမ်းဝေး
ကွာလွန်းတာကြောင့် သူ့အလုပ်ကိုယ့်အလုပ်ဖြစ်နေကာ
ဆေးရုံတစ်ခုထဲတောင် မတွေ့ဖြစ်ပါ … သို့ပေမဲ့ အခု
တော့ သူ့အမကိုယ်တိုင် ရောက်ချလာသည်

" Kyungsoo နင် Chanyeol နဲ့ကွာရှင်းမလို့ဆို "

"  စဉ်းစားနေတုန်းပါ  "

Kyungsoo သူ့အမရှေ့က ဆိုဖာပေါ်ဝင်ထိုင်လိုက်
ကာ ထိုစကားကိုပြောသည်

"   အဲ့တော့ ဟိုက ဘာပြောလဲ ?  "

"   မသိဘူး !!  "

"   ဘာမသိဘူးလဲ ? အိမ်ထောင်ရေးကိုကစားနေတာ
လား ? Kyungsoo နင်ပဲ ယူချင်လွန်းလို့ ကန့်ကွက်
နေတဲ့ကြားက Chanyeol နဲ့လက်ထပ်ခဲ့တာလေ  "

"   မသိဘူး Noona ရာ ~ ကျွန်တော်တောင်စိတ်ရှုပ်နေ
တာလေ Noona ကပါဘာလို့လာပြောနေတာလည်း "

Life & DutyWhere stories live. Discover now