အခန်း - ၂၅

3.2K 222 25
                                    

5ရက်ဆိုသောအချိန်ဟာ မျက်စိတစ်မှိုတ်အတွင်းကုန်ဆုံး
သွားပြီး နောက်နှစ်ရက်ဆို သူတို့ဆရာဝန်တွေဟာ ဒီရွာ
ကနေထွက်သွားရတော့မည် … ဒီကြားထဲ ဦးနှောက်သွေး
ယိုတဲ့လူနာရှိလို့ Kyungsoo ဟာ ခွဲစိတ်ကိရိယာမစုံမ
လင်ဖြင့် ဒုက္ခတောထဲတရွက်တိုက်သွားရသေးပြီးမှ အနီး
ရှိ ဆေးရုံကိုထိုလူနာအားပို့ရသည် … ရွာဟာအရမ်းဝေး
လှတာကြောင့်အနီးရှိဆေးရုံလို့ပြောရင်တောင် 5နာရီမျှ
ကားမောင်းရသေးသည် … ဒါပေမဲ့အသက်ကိုကယ်နိုင်၍
သာ ဟင်းချနိုင်တော့သည် …

Jiho တစ်ယောက်အခုတလော Yeol ရဲ့အနားကိုမကပ်
ပဲ တုန်တုန်ရီရီဖြစ်နေသည်မှာ Yeol ကတောင်အတော်
လေးကို ထူးဆန်းနေသည် ။ အရင်ကစကားများလှသော
လက်ထောက်က အခုပါးစပ်ပိတ်အင်းအဲ အင်းအဲ ဖြင့်
အူကြောင်ကြောင်ဖြစ်နေခြင်း နှင့် ဘာလုပ်လုပ်စိတ်မပါ
ပဲ တငိုင်ငိုင်ဖြစ်နေတတ်သည် … အရင်ကဆို သူ့အနားမ
ရှိချင်မှအဆုံးအခုတော့များ သူကလာရင်တောင် ရှောင်
ဖယ်ရှောင်ဖယ်ဖြင့် …

ညနေ 5:00 ကျော်ပြီ သူတို့မနက်စာစားပြီး~ စကားပြော
နေစဉ် Jiho တစ်ယောက် သူ့ဆရာနှင့် Kyungsoo
တို့အပြင်ကိုထွက်သွားတာမြင်တော့ သူမအနောက်ကနေ
တိတ်တဆိတ်လိုက်လာသည် … ဟိုတစ်နေ့က Yeol
တို့နှစ်ယောက် ပွေ့ဖက်နေတဲ့မြင်ကွင်းကို သူမအံ့သြစွာ
မြင်တွေ့လိုက်ရထဲက သူမရဲ့စိတ်ထဲမှာ အစိုင်အခဲကြီးတစ်
ခုကြီးစိုးနေခဲ့တယ် … သူမဆရာဟာ အခြားမိန်းကလေး
တစ်ယောက်နဲ့အခုလိုအကြည်စိုက်နေရင်တောင်လက်ခံ
နိုင်သေးတယ်အခုတော့ဖြင့် ဘယ်လိုတောင် ယောက်ျား
လေးတစ်ယောက်နှင့်လည်း ? Pro : DO သည်လည်း
မထင်ရဘူး !! ပုံစံကြည့်တော့ဖြင့် လူ့ဂွစာ မာနကြီးနေပြီး
အခုတော့ဖြင့် သူ့ဆရာကို မြူဆွယ်နေတာလား ??

Jiho ဟာ သူ့အရှေ့ကမြင်ကွင်းတစ်ခုအားခိုးကြောင်ခိုး
ဝှက်ကြည့်နေသည် … Yeol ဟာ Kyungsoo ရဲ့
လက်ကိုဆွဲပြီး လမ်းလျှောက်ရင်း နှစ်ယောက်သားစကား
တစ်ပြောပြောဖြင့် … ပြီးတော့ Yeol ဟာ Kyungsoo
ရဲ့ညာဘက်ပါးတစ်ဖက်အား လျှပ်တစ်ဖျက် နမ်းလိုက်သည်

ဆောင့်တက်သွားသောသွေးဒီဂရီနှင့် Jiho တစ်ယောက်
ပါးစပ်အဟောင်းသားဖြစ်နေကာ သူ့ခြေထောက်တွေတုန်
ရီနေသည် … အဲ့နောက် Min Jung တစ်ယောက်ပြေး
ရင်း Yeol တို့ဆီရောက်လာတယ် အဲ့အထိ Yeol ဟာ
Kyungsoo ရဲ့လက်ကိုမဖြုတ်သေးတဲ့အပြင် ပခုံးကို
ဖက်လိုက်ပြီး Min Jung နှင့်ဘာပြောနေလည်းမသိ !!
အဲ့မြင်ကွင်းကို Jiho တစ်ယောက် သူပုန်းနေတဲ့နေရာက
နေ အတိအကျကို မြင်နေရသည် … ဒါဆို Min Jung
ဆိုတဲ့ အကောင်လည်း သိတာပေါ့ !!!

Life & DutyWhere stories live. Discover now