32 - Unicode

1K 49 0
                                    

"   ဖြေးဖြေး  …… ဟာ …… ဖြေးဖြေးသွားပါHoney
ရယ်   "

ပြင်သစ်က ပြန်လာပြီး 3 လအကြာမှာ … ကိတ်မုန့်အ
ကြောင်းကို ဝါသနာတကြီး သင်တန်းမျိုးစုံတက်နေသော
Kyungsoo သည်  အဝါရောင်ဆံပင်ပွယောင်းယောင်း
လေးဖြင့် အသက်28 နှစ်ဟု ထင်ရက်စရာပင်မရှိခဲ့ပါ …
အရင်က အနောက်တိုင်းsuit နေရာမှာ ဂျင်းဘောင်းဘီ
နဲ့ Tshirt ကိုအစားထိုးလာပြီး အနက်ရောင်လွယ်အိတ်
ကလေးဖြင့် … လွှားလွား   လွှားလွှား ဟိုသွားလိုက်ဒီသွား
လိုက်ဖြစ်နေသည် …… ပြင်သစ်ကပြန်လာပြီး 1လကြာ
တဲ့အချိန်မှာ သူတို့နှစ်ယောက်နောက်တစ်ကြိမ်ပြန်သွား
ရသေးသည် … ဘာလို့လဲဆိုတော့ ကိုယ်ဝန် 15ရက်အ
နေအထားဖြင့် Kyungsoo ခမျာ တစ်နေ့ကို အခါ 20
လောက်အန်နေခြင်းကြောင့်ဖြစ်သည် … ပုံမှန်မဟုတ်
သော ကိုယ်ဝန်ဆောင်ခြင်းကြောင့် ပြင်သစ်ကို တစ်လ
တစ်ခါမျှပုံမှန်သွားနေရသည်မှာ သိပ်တော့မလွယ်ကူလှပါ

အခုတော့ 9 ပတ်အနေအထားရှိနေသော သန္ဓေသား
လေးကြောင့် နေရထိုင်ရသိပ်ခက်ခဲသည်မရှိပေမဲ့ ! ကိုယ်
ဝန်ရှိနေတော့ ဟိုနေရာဖြေးဖြေး ဒီ နေရာ ဖြေးဖြေး ဖြစ်နေ
သော Papa Park ကြောင့် Kyungsoo တစ်
ယောက် စိတ်ရှုပ်လှသည် … တစ်ခါတစ်ခါ သူ့ယောကျ်ား
အသက်ကြီးရောဂါဖြစ်တာလားဟု တွေးမိသည်အထိပဲ …

သင်တန်းများကို … ကိုယ်တိုင်လိုက်ပို့ရမှကျေနပ်သော
Papa Park ကတော့ သခင်လေး Kyungsoo ကို
ဖူးဖူးမှုတ်ထားခြင်းကြောင့် Yeol ဖွင့်ထားသော ကိုယ်ပိုင်
ဆေးခန်းလေးက သူနာပြုများကတောင် မျက်စိစပါးမွှေး
စူးနေသည် … သို့ပေမဲ့ Kyungsoo ကိုသူတို့ဟာ
သားတစ်ယောက်လို သိပ်ချစ်ကြပြီး  Do Kyungsoo
တို့ခမျာ အခုမှအချစ်ခံလူတန်းစားဖြစ်နေလေရဲ့ …

T shirt အဖြူရောင်ဖားဖားကြီးဖြင့် သူ့ဆီပြေးလာသော
Kyungsoo ကြောင့် Yeol ခမျာ တောင်အောက်ကို
ပစ်ချခံလိုက်ရသလိုပဲ … ဖြစ်ကာ လက်ထဲကကော်ဖီခွက်
ကိုချက်ချင်းဘေးချပြီး … အလောတကြီးဖြင့် အော်ပြော
ရတော့သည် .  အဲ့တော့မှ အရှိန်သက်ကာ သူ့အမှားသူ
သိသလို ပြုံးနေသော Kyungsoo ကတော့ ဖြေးဖြေး
ချင်း Yeol အနားကိုရောက်လာသည် …

Life & DutyWhere stories live. Discover now