6 - Unicode

1K 75 0
                                    

Yeol အဖေရဲ့ Company ကိုနှစ်ယောက်သားသွား
ဖို့ လက်ဆောင်ဝင်ဝယ်ပြီး Clothing ဆိုင်ထဲကနေ
ပြန်ထွက်လာသည် … ပါလာတာကတော့ အထုတ်ပေါင်း
သောင်းရှစ်ထောင်ဖြင့် Mr.Park အတွက်ကတော့
နတ်ကတိုင်လေး တစ်ခုထက်မပိုခဲ့ပါ … ကျန်တာကတော့
သူတို့နှစ်ယောက်စိတ်ကြိုက်ရွေးခဲ့သော ပစ္စည်းများဖြစ်
သည် … Shopping မထွက်တာ ကြာရှည်နေတာ
ကြောင့် ဒီတစ်ခါတော့ လိုအပ်တာမှန်သမျှစုဝယ်လိုက်
တာကြောင့် ကားအနောက်ခန်းတစ်ခုလုံး အိတ်များဖြင့်
ပြည့်သွားကာ ခရမ်းနုရောင်လက်ဆွဲအိတ်လေးကိုတော့
Kyungsoo ဟာ ကိုင်လျက် !

"   အဲ့အဆင် Darling အဖေ ကြိုက်ပါ့မလား ?  "

"   လက်ဆောင်ပဲလေ မကြိုက်လည်းယူရမှာ ထုံးစံပဲ ဘာ
မှစိတ်ပူမနေနဲ့ … ညနေ ကိုယ်နဲ့အတူအပြင်မှာ ညစာ
တစ်ခါထဲ စားမလား ?  "

"   Company ကပြန်လာရင်စောသေးတယ်မှတ်လား
အိမ်မှာပဲ ချက်စားမယ်  "

"   ဘာလို့လဲ ? Honey လက်စွမ်းပြတော့မလို့လား "

"   ဒါပေါ့   :)   "

Yeol တစ်ယောက်ကားမောင်းနေရင်း လက်တစ်ဖက်က
နေ Kyungsoo လက်ချောင်းလေးတွေကိုဖမ်း ဆုပ်
လိုက်ကာ … သူ့မျက်နှာရှေ့ယူပြီး နှုတ်ခမ်းဖြင့်ဖိကပ်
လိုက်ရင်း ကားမောင်းနေသည် … ကြာရင် သူ့နှုတ်ခမ်းရာဟာ လက်ဖမိုးမှာ တက်တူးထိုးထားသလို အရာထင်နေ
လိမ့်မည် …

Company ကိုရောက်တော့ Yeol အဖေရဲ့ အခန်းထဲ
ကို နှစ်ယောက်သား သာသာယာယာဝင်ပြီး ဆိုဖာခုံလေး
မှာတိတ်ဆိတ်စွာထိုင်နေသည်ကို Mr.Park ကတော့
မျက်မှောင်ကြီးကုတ်ကာ ကြည့်နေခဲ့သည် .သားလေးတစ်
ယောက်ရှိပါတယ်  ယောကျ်ားယူပြီး မျိုးဆက်ဖျက်ထားတဲ့
အကောင် :) 

"   လာရင်းကိစ္စ - _-  "

"   Pa ဆီမလာတာ နှစ်ချီနေပြီဆိုတော့ နေကောင်းလား
လာကြည့်တာပါ  ပြီးတော့ ဒါက Pa အတွက်  "

"   Huk * လုပ်ချင်တာလုပ်ထားပြီး ငါသေသွားပြီလား
လာကြည့်တာပေါ့ ဟုတ်လား ?  "

Yeol သူ့လက်ထဲက အိတ်လေးကို စားပွဲခုံပေါ်တင်
လိုက်ရင်း သူ့အဖေ အတွင်းရေးမှူးလာချထားသော
ကော်ဖီအား အနည်းငယ်ယူသောက်လိုက်သည် …

Life & DutyWhere stories live. Discover now