9 - Unicode

897 65 0
                                    

Kyungsoo တို့နှစ်ယောက် ခွင့်လေးတစ်ရက်ယူတာ
ကို ယောက်ဖကြီး Kim ကလောကွတ်ချော်ကာ တစ်
ရက်ထဲဘာလုပ်မှာလည်းဟုဆိုပြီး 5 ရက်တောင်ပေးလိုက်
သည် … ဒါကလည်း Kyungsoo ဆိုသည်မှာ တစ်လ
4 ရက်ပျက်လို့ရတဲ့ခွင့်ရက်ကို 5 နှစ်တောင် မှန်ခဲ့ခြင်း
ကြောင့်လည်းပါမှာပေါ့  … ဒီနှစ်တွေအတွင်းအလုပ် ပြီး
အလုပ်  အလုပ်ပြီး အလုပ်ဖြင့် စက်ရုပ်တစ်ခုလို နေ့စဉ်
ဘဝကို ဖြတ်သန်းနေခဲ့တာ အခုမှပဲ အသက်ရှူရတာ
အဓိပ္ပာယ်ရှိတော့ သလို ခံစားမိသည် ။

ဒါကြောင့် နှစ်ယောက်သား ခရီးသွားဖို့အစီအစဉ်ဆွဲကာ
ကယ်လီဖိုးနီးယားကမ်းခြေကို သူတို့ပထဆုံး ဟန်းနီးမွန်း
ထွက်ခဲ့သလို ပြန်သွားခြင်းဖြစ်သည် !  ခရီးဆောင်အိပ်
ကိုယ်စီဖြင့် ကမ်းခြေသွားမည့်ဒီဇိုင်း ကာလာအနေအထား
အရ နှစ်ယောက်လုံးက Style pan အတိုကို Shirt
အကျီင်္လက်တို ခပ်ပွပွတစ်ထည်ကို ဝတ်ထားပြီး အသားအ
ရောင်က အရောင်နုတွေကြားပို၍ ထင်းနေသည် …

သူတို့နှစ်ယောက်လေဆိပ်ထဲရောက်တော့ လေယျာဉ်
ကထွက်ဖို့နာရီဝက်လိုသေးတာကြောင့် လေဆိပ်ထဲက
ဆိုင်တစ်ခုမှာ ကော်ဖီသောက်ရင်းစောင့်နေလိုက်ကာ
နောက်ဆုံးမှာတော့ လေယျာဉ်ပေါ်တက်ခွင့်ရလိုက်တော့
သည် … ကမ်းခြေဆိုပြီး ဝတ်လာသော သူတို့ရဲ့တိုနှံ့ နှံ့
အဝတ်အစားတွေဟာ လေယျာဉ် air con ကြောင့်
ဒုက္ခတွေရောက်တော့ကာ ပေးထားသော မီးခိုရောင်စောင်
အပါးလေးအား နှစ်ယောက်သားခြုံရင်း သူတို့အကန့်က
လေအေးက လျော့ချပစ်လိုက်သည် …

VIP ခုံဖြစ်တာကြောင့် သက်သောင့်သက်သာရှိပြီး ည
ဘက် airline ကြောင့် တိတ်ဆိတ်နေပြီး … အလယ်မီး
တစ်ခုသာခပ်ပြပြလေးထွန်းထားသည် …

"   Honey ……  "

အသံကိုတိုးတိုးလေးပြောနေသော Yeol က သူ့ပခုံးကို
ဆွဲဖက်ရင်း  ……

"   ကိုယ့်ပခုံးပေါ်မှာ အိပ်လေ   "

Kyungsoo သူတို့နှစ်ယောက်ကြားက လက်တန်းအား
အောက်ချလိုက်ပြီး ထိုင်ခုံအားနောက်မှီလိုက်ကာ Yeol
ရဲ့ လက်မောင်းပေါ်သူ့ခေါင်းလေးတင်လိုက်သည် …

Life & DutyWhere stories live. Discover now