အခန်း - ၅

4.5K 287 6
                                    

နေ့လည် 12 နာရီကျော်တော့ Kyungsoo သူ့ရဲ့
လူနာကို ခွဲခန်းဝင်လို့ပြီးသွားသည် … သို့ပေမဲ့ 2:30
မှ Yeol အဖေဆီသွားလည်မည်ကြောင့် သူ့ရဲ့ပိုနေသော
အချိန်တွေအား ဟိုတစ်နေ့က သူခွဲထားသော လူနာအ
ခြေအနေကို Min Jung နဲ့အတူ သွားကြည့်နေသည်

Minjung က သူ့လက်ထောက်ဖြစ်တာ 2နှစ် ကျော်
နေပြီး သူ့ရဲ့အလိုက်အထိုက်ကိုသိသော သူပီပီ တွဲ၍ လုပ်
ရတာ အဆင်ပြေလှသည် … သွားတာလာတာ ပေါ့ပါးပြီး
လုပ်တာကိုင်တာ စနစ်ကျသော ထိုလက်ထောက်လေးကို
သူ့အနေဖြင့် လက်မလွှတ်ချင်တာကြောင့် ထိုကောင်လေး
လက်ထောက်အဖြစ်ကနေ ထွက်သွားပါက ထပ်ရောက်
လာမည့် လက်ထောက်က သူ့လောက်အဆင်ပြေမည်
မဟုတ်တာကြောင့် ဒီတစ်ခေါက်အပြောင်းအရွေ့ကျရင်
သူ့ယောက်ဖကို Min Jung အကြောင်း မပြောပေးချင်
သော်လည်း … သူ့အတ္တအတွက်တော့ ထိုကလေးရဲ့
တက်လမ်းကို မပိတ်ချင်ပါ …

သူတို့နှစ်ယောက်တတိယထပ်ကိုရောက်တော့ ကောင်
တာက သူနာပြုတွေဖြင့် ရယ်မောနေသော Chanyeol
တစ်ယောက်ကို Kyungsoo ကြည့်နေရင်း ဂရုမစိုက်
စွာ အနားကနေ မသိသလိုထွက်သွားဖို့လုပ်နေပေမဲ့ သူ့
၏ အလိုက်မသိလှသောလက်ထောက်က Professior
ဆိုပြီး သွားနှုတ်ဆက်နေသေးသည် …

"   နေ့လည်စာ စားပြီးပြီလား ?  "

"   မစားရသေးဘူး … Professior   "

ငါမင်းကိုမေးလို့လား … -_-

Yeol  minjung အနောက်က Kyungsoo ကို
လှမ်းမေးလိုက်သော်လည်း အလယ်က Min Jung
ရဲ့ပြာပြာသလဲဖြေသံကြောင့် Kyungsoo ဒီတစ်ခါ
တော့ သူ့လက်ထောက်ကိုဂုတ်ကနေဆွဲပြီး လွှင့်ပစ်လိုက်
ချင်သည် !

"   ဒါဆို ဒီနားက ဆူရှီဆိုင်ဆိုရင်ရော ?  "

ဆူရှီအသံလည်းကြားရော မျက်လုံးတွေဝင်းဝင်းထနေ
သော Min Jung ကတော့ တစ်သက်နဲ့တစ်ကိုယ်ဒီ
လို ဆရာဝန်တစ်ယောက်နဲ့အတူ နေ့လည်စာစားရမည့်
အခွင့်အရေးထပ်မရနိုင်တာကြောင့် ရတဲ့အခွင့်အရေးကို
ဖမ်းဆုပ်ရန် သူ့ရဲ့လူမှုရေး ညံ့ဖြင်းလှသော ဆရာ အား
မျက်နှာငယ်လေးဖြင့်လှမ်းကြည့်သည် … ဘယ်ဆရာဝန်
နဲ့မတည့်သော Kyungsoo က ဒီတစ်ခါရော ငြင်းမ
လားဆိုပြီး ရင်တထိပ်ထိပ်ဖြင့် …

Life & DutyWhere stories live. Discover now