24 - Unicode

816 47 0
                                    

ဒီနေ့အခြားရွာကလူနာတွေစုဝေးရောက်ရှိနေသော သူတို့
ရဲ့တည်းခိုဆောင်နေရာသည် ရွာကလူတစ်အုပ်ဖြင့် ဆူညံ
လျက်ရှိသည် … ဒီနေ့အတွက် ပိုလူများနေခြင်းမှာ Jong
in က သူ့ရဲ့လိုအပ်သမျှပစ္စည်းများအား အနီးနားမြို့က
လေဆိပ်ကိုသွားယူနေခြင်းကြောင့်ဖြစ်ပြီး  နေ့လည်မှ
Doctor ရောက်မည်ဟုပြောထားသော်လည်း လူနာများ
ဟာ သူတို့ရွာကို ခေါက်တုံ့ခေါက်ပြန်မသွားချင်ဘူး ပြော
ခြင်းကြောင့်ထိုနေရာမှာသာ တစ်ရုန်းရုန်းဖြင့်စကားဘောင်
ဖွဲ့နေသည် ။

နေ့ခင်း 12:00 ကျော်တော့ထုံးစံအတိုင်း သူတို့ရဲ့ဆေး
ကုသချိန်ကုန်ဆုံးသွားပြီး Jongin ကတော့ 2:00ကျော်
မှပြန်လာခဲ့သည် … ရွာမှနေရတာ တကယ်ပဲ ညီညွတ်မှု
ရှိပြီးပျော်စရာကောင်းလှပြီး လူနာတွေနဲ့လည်း ထမင်းအ
တူစားကာ အသက်ကြီးသောလူများကလည်း Doctor
တွေကို သဘောတကျဖြစ်နေကြသည် … Jongin ကို
အခြားလူများက ထမင်းစားပြီးမှ ဆေးကုဖို့ပြောသော်
လည်း သူ့ကိုစောင့်နေရသော လူနာတွေအတွက်အားနာ
သည်ဟုဆိုကာ ပြန်ရောက်ရောက်ခြင်း သူ့ဆေးကုသည့်
နေရာမှာ အလုပ်ရှုပ်နေတော့သည် ……

ဒီနေ့မှ Jongin ၏ အသုံးမကျသော လက်ထောက်
သည် နေမကောင်းဘူးအကြောင်းပြကာ အိပ်နေရာကနေ
မထတော့ပါ  တမင်လုပ်နေမှန်းသိသော်လည်း Jongin
ဟာ အသုံးမဝင်တဲ့လူကို ထပ်ပြီးမခေါ်ချင်ပဲ ဒီအတိုင်းထား
လိုက်သည် … ဇွဲကလည်းမရှိ ကြိုးစားချင်စိတ်လည်းမရှိ
ဘယ်လိုဆရာဝန်ဖြစ်လာမှန်းမသိတဲ့လူကို သူတကယ်
စိတ်မရှည်ခဲ့ပါ … ထို့ကြောင့် အခုအချိန်မှာ တစ်ယောက်
ထဲဖြစ်နေသော Jongin ကတော့ ဟိုဘက်လည်း သူ
ဒီဘက်လည်းသူဖြင့် အလုပ်ရှုပ်တော့သည် …

"   ငါဘာကူညီရမလဲ ?   "

Jongin ဟာထိုအသံပိုင်ရှင်အားမော့ကြည့်လိုက်သည် !
ထင်သည့်အတိုင်းသူမျော်လင့်ထားသောသူသည် သူ့အား
ထိုစကားကို ဒုတိယထပ်မံ၍ ပြောပြန်သည် …

"   ကျေးဇူးတင်ပါတယ် … Doctor ကိုပင်ပန်းစေမိပြီ "

"  ရပါတယ် … ငါတို့က သူစိမ်းတွေမှမဟုတ်တာ   "

Jongin က နူးညံ့စွာပြုံးသည်  ထိုစကားကိုအရမ်းသ
ဘောကျစွာဖြင့်ပေါ့ ! အဲ့နောက်သူဟာ Kyungsoo
ဖြင့်အဆင်ပြေစွာ လူနာတွေကိုကြည့်ပေးနိုင်ခဲ့သည် …
GL ကပို့သော လိုအပ်သမျှပစ္စည်းထုတ်ကြီးကို မွှေ
နှောက်ကာ မျက်မှန်ပါတစ်ခါထဲလုပ်ပေးလိုက်သည် …

Life & DutyWhere stories live. Discover now